Tuesday, February 24, 2015

သံသယ တရားခံနှစ်ဦး စစ်ဆေးမှာကို KBC ဘာ့ကြောင့် တားဆီးနေ တာလဲ ?


Tuesday, February 24, 2015
လုပ်အားပေးဆရာမလေးနှစ်ဦး အသတ်ခံရတာ အခုဆိုရင် တစ်လကျော်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အမှုမှန်တော့ မပေါ် သေးပါဘူး။ အမှုစစ်အဖွဲ့ကတော့ သံသယ တရားခံနှစ်ဦးကို စစ်ဆေးခြင်းအဆင့် ၃ ဆင့် အနက် စစ်ကြောခြင်းအဆင့်နဲ့ ဆောင်ရွက်လျက်ရှိပါတယ်။
ရွာထဲကနေ မကြာခဏ ပျောက်နေတဲ့ မာတီးနဲ့ ဇော်ဆိုင်းတို့ကို စစ်ကြောရေးမေးခွန်းတွေနဲ့ စစ်ဆေးဖို့ လုပ်တဲ့အခါမှာတော့ KBC အဖွဲ့ရဲ့ နှောင့်ယှက်တားဆီးခြင်းကို ခံလိုက်ရပါတယ်။ သံသယတရားခံ နှစ်ဦး စစ်ဆေးမယ့်ကိစ္စကို KBC အဖွဲ့ တားဆီးတာ ဘာ့ကြောင့်ပါလဲ။
အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးတဲ့နေရာမှာ ဟိုလူ့မစစ်နဲ့၊ ဒီလူ့မစစ်နဲ့ဆိုပြီး ပြောဆိုခွင့် မရှိပါဘူး။ ဒါဟာ ကမ္ဘာက သိနေတဲ့အမှုဖြစ်တဲ့အတွက် ဘယ်သူ့ကိုမဆို စစ်ဆေးမှာ ဖြစ်ပါတယ်။
ဒီရွာသား ၂ ယောက်ကို ရွေးစစ်တာ မဟုတ်ပါ ဘူး။ ရွာထဲကနေ ထွက်သွားလိုက်ရတဲ့ တပ်ကိုလည်း စစ်တာပါပဲ။ ဥပဒေကို ဖိအားပေးတဲ့ပုံစံမျိုး KBC လုပ်တာတာ ကတော့ သူတို့ကိုပါပြန်ပြီး သံသယဖြစ်စရာကောင်းလာခဲ့ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး KBC ရဲ့ လှုပ်ရှားမှုတွေဟာ မူမမှန်တာ တွေ့ရပါတယ်။ မန္တလေးဓာတုဗေဒ၀န်ရုံးကို ပို့ထားတဲ့ DNA တွေနဲ့ ပတ်သက်ပြီး အဲဒီ DNA တွေကို လဲပစ်လိုက်ရင် ဘယ်လိုလုပ်မလဲဆိုပြီး တာဝန်ယူထားတဲ့ အဖွဲ့အစည်းတွေ အပေါ် စော်ကားခဲ့တယ်။ အမှုမှန်ပေါ်ပေါက်ရေး အစစ်ဆေးခံပြီး ပူးပေါင်းကူညီပေးနေတဲ့တပ်ကို ရွာထဲကနေ ထွက်သွား ဖို့ ပြောတယ်။ အမှုစစ်အဖွဲ့ ရွာကို သွားပြီး စစ်ဆေးမယ်ဆိုရင် လုံခြုံရေးအရ အန္တရာယ်ရှိတယ်။ တပ်ကိုပဲ အကူအညီ တောင်းရတာ။ အခုတပ်မရှိတော့ KBC က တာဝန်ယူမလားမေးတော့ ရူးချင်ယောင်ဆောင်နေခဲ့တယ်။
တကယ်တော့ KBC ဟာ လူမျိုးစွဲ၊ ၀ါဒစွဲနဲ့ ဒီအမှုအပေါ် ရှုမြင်နေတာဖြစ်ပါတယ်။ ဒါဆိုရင် သေချာတယ်။ အမှုမှန် မပေါ် နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းခါးရွာသားတွေအားလုံး အမှန်အတိုင်း မပြောဘူး။ အမှုစစ်အဖွဲ့ကို ကူညီမပေး ဘူး။ ဒါဟာ KBC ရဲ့ လွှမ်းမိုးမှုကြောင့် ရွာသားတွေဆီက အဖြေမရတာပါ။ ဟော….အခုလည်း မာတီးနဲ့ ဇော်ဆိုင်းကို စစ်ကြောရေး မေးခွန်းတွေနဲ့ စစ်မယ်ပြောတော့ အစစ်မခံနိုင်ဘူးဆိုပြီး ပြောလာတယ်။ အမှုမှန်ပေါ်အောင်လုပ်နေတာ လား၊ အမှုမှန်ပေါ်မှာကြောက်လို့ KBC က လိုက်ကာနေတာလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။
အဲဒီသံသယတရားခံနှစ်ယောက်ကို စစ်ကြောရေးမေးခွန်းတွေနဲ့ မေးမယ်ပြောတော့ KBC က ပျာပျာသလဲ ၀င်တား တယ်။ စစ်ကြောရေးမေးခွန်းတွေကို ဖြေတတ်မှာ မဟုတ်ဘူး။ ကြောက်လန့်ပြီး သူတို့သတ်ပါတယ်လို့ ၀န်ခံလိုက်ရင် ဘယ်လိုလုပ်မလဲဆိုပြီး ဆင်ခြေပေးလာတယ်။ ဒါဆိုအဖြေက ရှင်းနေတာပဲ။ စစ်ကြောရေးနဲ့ အစစ်မခံနိုင်တာဟာ မရိုးသားလို့ပါ။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်မကျူးလွန်ထားဘူးဆိုရင် ၀န်ခံစရာအကြောင်းမရှိဘူး။ KBC ဒီလောက် ၀င်ပြော နေပုံထောက်ရင် မာတီးနဲ့ ဇော်ဆိုင်းဟာ ဆရာမလေးနှစ်ယောက်ကို သတ်သွားလို့ ဖုံးကွယ်ဖို့ ကြိုးစားနေတာလား သံသယဖြစ်စရာ ကောင်းနေပါတယ်။
အမှုစစ်အဖွဲ့ကလည်း အဲဒီနှစ်ယောက်ကို သံသယ ဖြစ်နေတာကြာပါပြီ။ အမှုစစ်အဖွဲ့ကောင်းခါးရွာကို သွားပြီးစုံစမ်တိုင်း သူတို့ မရှိကြဘူး။ နမ့်တောင်ရွာ သွားတယ်၊ တောင်ယာသွား တယ်ဆိုပြီး ကျေးရွာဆယ်အိမ်မှူးက ညာပြောတယ်။ တကယ်တော့ အမှုစစ်အဖွဲ့ကို ရင်မဆိုင်ရဲလို့ ရှောင်နေတာဖြစ်ပါတယ်။ မူဆယ်ကို လာအစစ်ခံမယ်ပြောပြီး၊ ဒီနေ့ အချိန်ထိ ရောက်မလာသေးပါဘူး။ သူတို့စာ ရွာထဲကို ရောင်ပြလာနေပြီး အမှုစစ်အဖွဲ့လာရင် ရှောင်နေကြ တာ ဖြစ်ပါတယ်။ ဒါကို ရွာသားတွေ မသိမဟုတ် သိပါတယ်။ ဒါပေမယ့် သူတို့ဆီကနေ ဘာအထောက်အထားမှ မရဖူးသေး ပါဘူး။ တစ်ရွာလုံး အမှန် တရားကို ဖုံးကွယ်ထားတယ်လို့ မြင်ပါတယ်။
ဆရာမလေးနှစ်ယောက်ရဲ့ အမှုမှန်ပေါ်ပေါက်ဖို့ အမှုစစ်အဖွဲ့က မာတီးနဲ့ ဇော်ဆိုင်းတို့ကို စစ်ကြောရေးနဲ့ စစ်ဖို့ လိုလား နေကြပါတယ်။ ဒါပေမယ့် KBC က အဲဒီနှစ်ယောက်ကို အစစ်မခံနိုင်ဘူးလို့ ငြင်းနေကြတယ်။ အဖြေက ရှင်းပါတယ်။ သံသယတရားခံနှစ်ဦးအား အမှုစစ်အဖွဲ့က စစ်ဆေးမှာကို KBC က ဘာ့ကြောင့် တားဆီးနေတာလဲဆိုတာကို အမှုမှန် ပေါ်ပေါက်စေချင်သူတိုင်းက မေးခွန်းထုတ်နေကြပြီ ဖြစ်ပါတယ်။
ဇော်လင်းခေါင်
Kachin Daily News

No comments: