
ဂျပန်ထောက်လှမ်းရေး သတင်းများ အရ ဂျပန် ဝန်ကြီးချုပ် တာရို အာဆိုမှ မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအီ အသည်းအသန် မနာမကျန်း ဖြစ်၍ ပြင်သစ် ဆေးပညာရှင် များနှင့် ကုသ နေရသော်လည်း နိုင်ငံတော် ၏ အရေးကြီးသော ဆုံးဖြတ်ချက် များအား ချမှတ် နိုင်သေးသည်ဟု ထပ်လောင်းပြောဆို ကျေညာလိုက်သည်။
ကင်ဂျူံအီ၏ ဝေဒနာမှာ တက်လိုက်ကျလိုက် ဖြစ်နေခဲ့သည်မှာ လွန်ခဲ့သော စက်တင်ဘာလ (၉)ရက်နေ့က မြောက်ကိုရီးယား တည်ထောင်သော အနှစ်(၆၀)ပြည့် အခမ်းအနား မတက်ရောက် နိုင်ခဲ့ရာမှ အမေရိကန်နိုင်ငံ နှင့် တောင်ကိုရီးယား နိုင်ငံတို့မှ ထောက်လှမ်းရေး သတင်းဋ္ဌာနများ ခြေရာခံမိသွားပြီး၊ ထိုစဉ်က ကင်ဂျူံအီမှာ ဦးနှောက် လေသင်တုန်းဖြတ်ခြင်း ခံစားနေရသည်ဟု အမေရိကန်နှင့် တောင်ကိုရီးယား တို့ တရားဝင် ကြေညာခဲ့ သော်လည်း မြောက်ကိုရီးယားနိုင်ငံမှာ လိမ်ညာလှဲ့ဖြားခြင်း သက်သက်သာ ဖြစ်ကြောင်း ခုခံပြောဆို ခဲ့သေးသည်။
ဝန်ကြီးချုပ် မစ္စတာအာဆိုမှာ သတင်းမည်က ရရှိသည်ဟု အတိအကျ မပြောဆိုပဲ “ယနေ့ခေတ်တွင် သတင်းလာရာ လမ်းကြောင်းများစွာ ရှိနေကြောင်း” သာ သတင်းထောက်များအား ယနေ့ပြောဆို သွားသည်။
ယခုအပါတ် အစောပိုင်း ဂျပန်နိုင်ငံ ဖူဂျီရုပ်မြင်သံကြား သတင်းဋ္ဌာန ကြေညာချက်မှ သတင်း ကောက်နှုတ်ချက်များအရ မစ္စတာကင် ၏ သားကြီးဖြစ်သူ ကင်ဂျောင်နန်းမှာ ပဲရစ်မြို့ရှိ ဆေးရုံကြီးတခု၌ ဖခင်ဖြစ်သူ၏ ကျန်းမာရေးအတွက် ဝင်ရောက် ဆွေးနွေးမှုများ ရှိခဲ့သည်ဟု ဖေါ်ပြပြီး၊ ကင်ဂျူံနန်းမှာ ပြင်သစ်နိုင်ငံသို့ ဝင်ထွက်မှုများ ရှိခဲ့သည်ဟု တောင်ကိုရီးယား ထောက်လှမ်းရေး သတင်းများတွင် လဲဖေါ်ပြထားသည်။
မြောက်ကိုရီးယားနိုင်ငံမှ ဤသတင်းများမှာ ကောလဟာလ ဟုဆိုသော်လည်း အာဏာရှင် ကင်ဂျူံအီမှာ နိုင်ငံတော်၏ အခမ်းအနားများအား တက်ရောက်ခြင်းမှ ပျက်ကွက်နေခဲ့သည်မှာ ကာလ အတော်ကြာမြှင့်နေပြီ ဖြစ်ကာ၊ ယခုလ အစောပိုင်းက ရုပ်မြင်သံကြားတွင် ဖေါ်ပြခဲ့သော ကင်ဂျူံအီမှာ ဘောလုံးပွဲများကြည့်ခြင်း၊ အမျိုးသမီး ကြည်းတပ်မတော်အား စစ်ဆေးခြင်း တို့မှာ သံသယထားဖွယ်ရာ ဖြစ်သည်ဟု ဂျပန်နိုင်ငံမှလာသော သတင်းများက အထူးသတိထား ထောက်ပြ ပြောဆိုလိုက်သည်။
No comments:
Post a Comment