ကရင်နီပြည်တပ်မတော် ဂုဏ်သိက္ခာကျဆင်းစေရန် ကလလတအဖွဲ့မှ ကောလဟာလသတင်းများ ထုတ်လွှင့် နေပြီး နအဖစစ်အုပ်စုကိုလည်း ၄င်းတို့မှသတင်း အမှား များပေးပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲများ အဆင်မပြေ အောင် ပြောကြားလျက်ရှိကြောင်း၊ မယ်ဟောင်ဆောင် ခရိုင်ရှိစီးပွားရေးသမားများကလည်း KNPP စခန်းများ ရှိသည့် နယ်စပ်ဝင်ပေါက်များသည် နေပြည်တော်သို့ ကုန်ပစ္စည်းများ တင်ပို့ရန်အနီးဆုံးလမ်းကြောင်းများ ဖြစ်ကြောင်း၊ KNPP အဖွဲ့အား ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးခံရန် နအဖမှ ဖိအားပေး အကျပ်ကိုင် လျက်ရှိကြောင်း ထိုင်းစစ်တပ် သတင်းရပ်ကွက်မှ သိရပါသည်-
နအဖ စစ်အုပ်စု၊ KNPP နှင့် ကလလတ တို့၏ ရှုပ်ထွေးနေသောဝါဒဖြန့်မှုများ
၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့မှာ ကရင်နီပြည်တပ်မတော်မှ ထုတ်ပြန်ကြေညာချက် အမှတ် (၂)အား ထုတ်ပြန်ခဲ့ပြီး အဲ့ဒီထုတ်ပြန်ချက်မှာ စစ်အစိုးရနဲ့ ကရင်နီပြည်တပ်မတော်အကြား ငြိမ်းချမ်းရေး ဆွေးနွေးရန် အစီအစဉ်မရှိကြောင်း ပါရှိတယ်လို့သိရပါတယ်။ အဲ့ဒီထုတ်ပြန်ချက်မှာ နအဖ စစ်အုပ်စုဟာ ကလလတ နှင့် ကျန်တဲ့ လက်နက်ကိုင်အဖွဲ့များ၊ ၎င်းင်းတို့ရဲ့စစ်အုပ်စု တပ်ဖွဲ့ဝင်များအကြားမှာလည်းကောင်း၊ ကရင်နီ ပြည်သူလူထုအတွင်း၊ KNPP မှ စစ်ဦးစီးချုပ် ဘီထူး နဲ့၎င်း၏ တပ်ဖွဲ့များသည် စစ်အစိုးရထံမှာ လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ရန် စီစဉ်လျက်ရှိတယ်လို့ နအဖ စစ်အုပ်စုမှ ၀ါဒဖြန့်ချိသတင်းထုတ်ပြန် လျက်ရှိကြောင်း အဲ့ဒီကောလဟာလသတင်းဟာ ကရင်နီပြည်တပ်မတော်ရဲ့ဂုဏ်သိက္ခာကို ကျဆင်း စေရန် တမင်ဖန်တီးခြင်း ဖြစ်ကြောင်း ရှင်းလင်းထားပါတယ်။

ဒီသတင်းထုတ်ပြန်ချက် အမှတ်(၂)အပေါ်ထိုင်းနိုင်ငံ နယ်စပ် မှာရှိတဲ့ ဒီမိုကရေစီဘက်တော်သားတွေက ဝေဖန်သုံးသပ်ရာမှာ ကလလတ အဖွဲ့နဲ့ အခြားငြိမ်းချမ်း ရေးအဖွဲ့ဝင်များဟာ ကရင်နီတပ်မတော်နှင့် စစ်အစိုးရ အပစ်ခတ်ရပ်စဲရေးဆွေးနွေးပွဲ အောင်မြင်သွား ပါက ၎င်းတို့ရဲ့ စီးပွားရေးလုပ်ကွက်များ ခွဲဝေပေးရမှာ စိုးရိမ်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲတွင် KNPP အနေနဲ့ တရားဝင်ပါတီအဖြစ် ရပ်တည်ခွင့် ရသွားမည်ကိုမလို လားကြောင်း၊ KNPP တပ်ဖွဲ့များ ရှိနေခြင်းကို အကြောင်းပြပြီး ကရင်နီပြည်အတွင်းရှိ ငြိမ်းချမ်းရေးအဖွဲ့များသည် လက်နက်များ တရားဝင် ကိုင်ဆောင်ခွင့် အခွင့်အရေးရရှိနေ ခြင်းဖြစ်ကြောင်း၊ ဒါကြောင့်မို့ KNPP အဖွဲ့ ငြိမ်းချမ်းရေးရမည်ကို မလိုလားသဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမဖြစ်စေရန်နှင့် ကရင်နီပြည်တပ်မတော် ဂုဏ်သိက္ခာကျဆင်းစေရန် အထက်ပါ ကောလဟာလများကို ကလလတ အဖွဲ့က ထုတ်လွှင့်နေကြောင်း၊ နအဖ စစ်အုပ်စုကိုလည်း ၎င်းင်းတို့မှ သတင်းမှားများပေးပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဆင်မပြေ အောင်ပြောကြားလျက်ရှိကြောင်း သိရပါတယ်။
မယ်ဟောင်ဆောင် ခရိုင်စီးပွားရေးသမားများကလည်း KNPP စခန်းများရှိသည့် နယ်စပ်ဝင်ပေါက်များသည် နေပြည်တော်သို့ကုန်ပစ္စည်းများတင်ပို့ရန် အနီးဆုံးလမ်းကြောင်းများဖြစ်၍ KNPP အဖွဲ့ကို ငြိမ်းချမ်းရေး ဆွေးနွေးရန်နဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲဝင်ဖို့ ဖိအားပေးအကြပ်ကိုင်လျက်ရှိကြောင်း ထိုင်းစစ်တပ် သတင်း ရပ်ကွက်မှ ကြားသိရပါတယ်။

No comments:
Post a Comment