Thursday, November 06, 2008

ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် ကောင်းမှုလုန်စေတီတော်ရှိ မြတ်စွာဘုရား၏ ခြေတော်ရာအား ဖူးမြော်နိုင်ကြောင်း

6-11-2008(THU)
ခြေတော်ရာသည် ကောင်းမှုလုန်စေတီတော်ဘုရား၏ မြောက်ဘက်မုခ်ရှိ ဂန္ဓကုဋီတိုက် အတွင်းတည်ရှိပြီး စော်ဘွားများလက်ထက်က ကျောက်သားစစ်စစ်ဖြင့် ထုလုပ်ကိုးကွယ်ခဲ့ကြခြင်းဖြစ်ကာ ခြေတော်ရာ ကျောက်သားပေါ်တွင် မြတ်စွာဘုရား၏ ဘ၀ဖြစ်စဉ်များအား ရှမ်း/မြန်မာ နှစ်ဘာသာဖြင့် ရေးထွင်းထားသည့် စာများပါရှိပါသည်။

ခြေတော်ရာသည် ကျောက်သားစစ်စစ်ဖြစ်၍ အလေးချိန်အားဖြင့် ၁၂၀၀ ပေါင်ခန့် ရှိပြီး ၂၀၀၀ ပြည့်နှစ်တွင် စေတီတော်ဥာဏ်တော်မြှင့်ရန် ပြန်လည်မွမ်းမံစဉ် အရွှေ့အပြောင်း၌ ထက်ပိုင်းကျိုးသွားခဲ့ပါသည်။ သို့ဖြစ်၍ ခြေတော်ရာအား မူလအနေအထားသို့လည်းကောင်း၊ ပလ္လင်နှင့်ဂန္ဓကုဋီတိုက်ပြုလုပ်ပြင်ဆင်ရန်အတွက် လည်းကောင်း စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

No comments: