Monday, November 03, 2008

အင်အယ်ဒီတိုးချဲ့ ဖွဲ့ စည်းပေးရန် မန္တလေး တောင်ပိုင်း ၄ ခရိုင်မှအဖွဲ့ ချုပ်သို့ ဖိအားပေးတောင်းဆို

ဗဟိုအလုပ်အမှုဆောင်တွေရဲ့ ဆောင်ရွက်ချက်တွေ ပိုမိုပြီး ကောင်းမွန်အောင်လို့ဆိုရင် လက်ရှိလူကြီးတွေနဲ့  အဆင်မပြေနိုင်ဘူး ။လက်ရှိမှာ အသက်အရွယ်ကြီးပြီး ဘာမှ လုပ်မပေးချင်တော့တဲ့ ဦးအောင်ရွှေတို့ ဆရာဦးလွင် တို့ကို ဖယ်ထားပြီး အင်အယ်ဒီအဖွဲ့ ချုပ်မှာ သဘောထားကွဲလွဲမှုရှိနေတာကို ရင်ကြားစေ့ ပေးနိုင်တဲ့သူ၊ ထက်ထက် မြက်မြက်လုပ်နိုင်စွမ်းရှိတဲ့သူတွေနဲ့ဆို ဒီထက်ပိုပြီး အဖွဲ့ချုပ်ရဲ့ အနေအထားပိုမိုပြီး တင်းတင်းရင်းရင်း ဖြစ်လာမယ်လို့ မျော်လင့်ထားပါတယ်။
အင်အယ်ဒီတိုးချဲ့ ဖွဲ့ စည်းပေးရန် မန္တလေး တောင်ပိုင်း ၄ ခရိုင်မှ
အဖွဲ့ ချုပ်သို့ ဖိအားပေးတောင်းဆို
နိုဝင်ဘာ ၁ ရက်နေ့ မှာ လစဉ်ပုံမှန်ကျင်းပနေတဲ့ မန္တလေးတိုင်းတောင်ပိုင်း ၄ ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ အဖွဲ့ဝင်တွေရဲ့လပတ်အစည်းအဝေးကို မိတ္ထီလာမြို့မှာ ကျင်းပခဲ့ပါတယ်။ လူစုံတက်စုံတက်ရောက်နိုင်ခြင်း မရှိခဲ့သော်လည်း ဒီအစည်းအဝေးကနေ ဗဟိုအလုပ်အမှု့ဆောင်အဖွဲ့ တိုးချဲ့ဖွဲ့စည်း ပေးရေးအပါအ၀င် တောင်းဆိုချက်သုံးခုကို တောင်းဆိုလိုက်ပါတယ်။
ဒီလို ဆုံးဖြတ်ချက်တွေ ချမှတ်ပြီးတောင်းဆိုခဲ့တာနဲ့ ပတ်သက်လို သာစည် အမှတ် ၁ လွတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်လေးက အခါခုလိုပြောခဲ့ပါတယ်။ ဦးမောင်မောင်လေး။ ဗဟိုအလုပ်အမှုဆောင်တွေရဲ့ ဆောင်ရွက်ချက်တွေ ပိုမိုပြီး ကောင်းမွန်အောင်လို့ဆိုရင် လက်ရှိလူကြီးတွေနဲ့  အဆင်မပြေနိုင်ဘူး ။ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ ၊ဒေါက်တာရန်ငြိမ်းတို့ နဲ့ အစားထိုးရန် ဒါမှမဟုတ် တိုးချဲ့ဖွဲ့စည်းပေးရန် ဒီကနေ့ အစည်းအဝေးကနေ တောင်းဆိုခဲ့ပါတယ်။ လက်ရှိမှာ အသက်အရွယ် ကြီးပြီး ဘာမှလုပ်မပေးချင်တော့တဲ့ ဦးသောင်းရွှေတို့ ဆရာဦးလွင်တို့ကို ဖယ်ထားပြီး အင်အယ်ဒီအဖွဲ့ချုပ်မှာ သဘောထားကွဲလွဲမှုရှိနေတာကို ရင်ကြားစေ့ပေးနိုင် တဲ့သူ၊ ထက်ထက်မြက်မြက်လုပ်နိုင်စွမ်းရှိတဲ့သူတွေနဲ့ဆို ဒီထက်ပိုပြီး အဖွဲ့ချုပ်ရဲ့အနေအထားပိုမိုပြီး တင်းတင်း ရင်းရင်း ဖြစ်လာမယ်လို့ မျော်လင့်ထားပါတယ်။ ဒီဆွေးနွေးပွဲမှာ တက်ရောက်ခဲ့တဲ့ မြင်းခြံခရိုင် တောင်သာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးသန်းမြင့် အမြင်သဘောထားကိုမေးကြည့်တဲ့အခါမှာအခုလိုပြောခဲ့ပါတယ်။
ဦးသန်းမြင့်။ လက်ရှိဗဟိုအလုပ်အမှုဆောင်တွေ အပေါ်မှာ မကျေနပ်လို့ မဟုတ်ဘူး မလေးစားလို့မဟုတ်ဘူး၊ ဗဟိုအလုပ်အမှုဆောင်တွေ အပေါ်ကိုကျတော်တို့က လေးလည်းလေးစားတယ်၊ ရိုလည်းရိုသေတယ် ဒီလောက်အထိ လုပ်လာတာကိုလည်း ကျွန်တော်တို့က တိုင်းပြည်အတွက် ကျေးဇူးတင်ပါတယ်။ သို့သော်လည်း ဒီနေ့လက်ရှိပကတိ တာဝန်တွေက အင်မတန်ကိုကြမ်းတမ်းပြီးတော့ ခက်ခဲတဲ့အရေးကာလမှာ ဦးဆောင်မှုက ထက်မြက်မှ တကယ်လုပ်နိုင်စွမ်းအား ရှိတဲ့သူတွေဖြစ်မှ ကျတော်တို့ရဲ့ အင်အယ်ဒီက တာဝန်ထမ်းဆောင် နိုင်မှာမို့ ကျနော်တို့က ဗဟိုအလုပ်အမှုဆောင်ကတိုးချဲ့ပြင်ဆင်ရေးဆိုတာက အဓိကတာဝန်က ဒါပဲလိုမြင်တယ်။
ဒီအခမ်းအနားကို စောင့်ကြည့် သတင်းယူသူ ၈ ယောက်လောက် ရှိခဲ့ပေးမဲ့ အနှောက်အယှက်စုံတရာမရှိ ခဲ့ဘူးလို့ သိရှိရပါတယ်။

No comments: