Thursday, December 18, 2008

KNU အဖွဲ့ဝင်များလက်နက်နှင့် ငြိမ်းချမ်းရေးလဲတော့မည်လား ?

စစ်အစိုးရကို လက်နက်ဆွဲကိုင် တော်လှန်နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနက် အင်အား အတောင့်တင်းဆုံး KNU အဖွဲ့မှ ခေါင်းဆောင်ငယ် တစ်ဦး စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်သို့ ရောက်ရှိနေကြောင်း BBC/VOA သတင်းများ မှတဆင့် သိရှိရပါသည်။ BBC မှထုတ်လွှင့် ခဲ့ပြီးနောက် Internet Website များတွင်လည်း ဓါတ်ပုံများဖြင့် ဖော်ပြလာသော KNU ဗိုလ်ကြီး စောနေစိုးမြ၏ သတင်းဖြစ်ပါသည်။ သတင်း ပေးပို့ပေးသော ကရင်သွေးစည်း ညီညွတ်ရေးအဖွဲ့မှ စောအယ်ထူး ကို အထူး ကျေးဇူး တင်ရှိပါသည်။
၁၄-၁၂-၀၈
ယခုရက်ပိုင်း အတွင်း ရင်း ၂၀၂ မှ တပ်ခွဲမှူး ဗိုလ်ကြီး အဆင့် ရှိ စောနေစိုးမြ သည် နေပြည်တော်သို့ ဘန်ကောက်-ရန်ကုန်-နေပြည်တော် လေယာဉ် ခရီးစဉ် အတိုင်း(၁၃-၁၂-၀၈) ရက်နေ့ နေလယ်ပိုင်း တွင် ရောက်ရှိ လာပါသည်-----

နေပြည်တော် ဟိုတယ်ဇုံ တွင် တည်းခိုနေထိုင်ပြီး၊ နိုင်ငံတော်အကြီးအကဲများ ပြင်ဦးလွင်၊ ပုဂံ ခရီးစဉ်များ ရှိနေသည် အတွက် တွေ့ဆုံရမည့် အချိန်အား စောင့်ဆိုင်းရင်း နေပြည်တော် အလှအား ကြည့်ရှုခံစားကာ အပန်းဖြေနေပါတယ်။ ရုံးပိတ်ရက်များ ဖြစ်နေသည့် အတွက် လာမည့် တနင်္လာနေ့ (၁၅-၁၂-၀၈) ရက် နေ့တွင် ကကကြည်း မှ တာဝန်ရှိသူများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း အကြမ်းဖျင်း သိရှိရပါသည်။
ဗိုလ်ကြီးစောနေစိုးမြ အနေဖြင့် ဖခင် ဖြစ်သူ ဗိုလ်ချုပ်ကြီး မြ ကွယ်လွန်ပြီးနောက်ပိုင်း လက်နက်ကိုင် တိုက်ပွဲဝင် ရေး လမ်းစဉ်များ ကို စိတ်ကုန်လာကြောင်း၊ ယခုကာလ များတွင် ဗိုလ်ချုပ်ကြီး တာမလာဘော မိသားစု အုပ်စုမှ KNU တပ်ဖွဲ့ အတွင်း နေရာယူလာခြင်း၊ တာမလာဘောနှင့် နီးစပ်သော အသိုင်းအ၀ိုင်းများသာ ငွေကြေးသုံးစွဲ ခွင့် သာရရှိခြင်(အထူးသဖြင့် မောင်းတိုင်ကြီး၊စီကဲဒို ဒေသ တွင် လှုပ်ရှား စစ်ဆင်နေသော အားစီး ဦးစီး တပ်မဟာ -၂ အဖွဲ့ဝင်များ အသုံးပြုရန် ယူရို ငွေ ကြေးများ သုံးစွဲခွင့်ရရှိခြင်း)၊ ယခင် ဖခင်လက်ထက်က အား အထားအရဆုံး ဗိုလ်ချုပ် ထိန်မောင်သည်လည်း နအဖ နှင့် လက်နက်နှင့် ငြိမ်းချမ်း ရေး လဲလှယ် သွားခြင်း များကြောင့် လည်းကောင်း ၄င်းအပြင် အားအကိုးရဆုံး အကို အကြီးဆုံးဖြစ်သူ လည်း ကွယ်လွန်သွား သည့် အတွက်ကြောင့် လည်းကောင်း လက်နက်စွဲကိုင် တိုက်ခိုက်ရေး လမ်းစဉ်အား အကိုလတ်ဖြစ်သူ စောနယ်ဒါးမြ လောက် စိတ်မ၀င်စားတော့ကြောင်း သိရှိရပါသည်။
အကယ်၍ များ ဗိုလ်ကြီးစောနေစိုးမြ သည် တပ်မတော် အစိုးရနှင့် ငြိမ်းချမ်းရေး နှင့် လက်နက် လဲလှယ်ခွင့်သာ ရရှိပါက အကိုလတ် ဖြစ်သူ စောနယ်ဒါးမြ သည်လည်း ညီငယ် ၏စကားကိုလွန်ဆန်ရန် အကြောင်းမရှိ ပါ။ ဒါ့အပြင် မိခင် ဖြစ်သူ သရာမူ ကြီး အမိုး နောလာဖိုး သည်လည်း သားငယ် နှင့်ထပ်တူထပ်မျှ ရှိနေပါသည်။
အခြား အုပ်စု တစ်ခုဖြစ်သော တပ်မဟာ(၅) မှူး ဘောကျော်ဟဲ ဦးစီး တပ်မဟာ (၅) မှ စစ်သည်များ (ဖာပွန်ခရိုင် အတွင်း စစ်ရေး လှုပ်ရှားသည့် အဖွဲ့) နှင့် တပ်မဟာ (၆) မှူး ဆာမိ ဦးစီးသည် စစ်သည်များ(ဒူးပလာယာခရိုင် အတွင်းလှုပ်ရှားသည့် အဖွဲ့) တို့သည်လည်း ပိုနေမြဲ ကျားနေမြဲ အတိုင်း နေလိုကြပြီး KNU ဗဟိုမှ စစ်ရေး ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိနိုင်တော့ပါ။ အဆိုပါ တပ်မဟာ ၅/၆ အဖွဲ့တို့သည်လည်း ငြိမ်းချမ်းရေး အနှစ်သာရ များကို ခံစားလိုကြကြောင်း သိရှိရပါသည်။

No comments: