Tuesday, January 27, 2009


သို့


ညီအကိုနောင်တော်များခင်ဗျာ..


" ၁၉၉၀ရွေးကောက်ပွဲရလဒ်ကဘာလည်း " မေးပါရစေ ညီအကိုနောင်တော်များခင်ဗျာ။ အစိုးရတစ်ရပ်ကို အမတ်(၅)ယောက်(၆)နဲ့ ဖွဲ့ခွင့်ရှိသလား။ အမှန်တစ်ကယ် ပြည်သူက တင်ပေး၊ ဆန္ဒမဲပေးခဲ့တဲ့ပါတီ NLD ရဲ့ ဗဟိုကော်မတီဝင်တွေဟာ အစိုးရအဖွဲ့အဖြစ်ဘဲ၊ နိုင်ငံရပ်ခြားမှာ အစိုးရအဖွဲ့ ထပ်ဖွဲ့စည်းပြီး လူထုအတွက် ဘာမှဖြစ်မလာ၊ အဖိနှိပ်ခံတိုင်းရင်းသားတွေအတွက် ဘာမှ ဖြစ်မလာတာတွေကို ဘယ်လိုအခြေအနေနဲ့ ကျနော်တို့ လူငယ်တွေ လက်ခံယုံကြည်ကြရမလည်း။

" ၁၉၉၀ရွေးကောက်ပွဲဖြစ်လာဖို့ စတေးပြီးရင်းခဲ့ရတဲ့ အသက်သွေးချွေး၊ ပဲ့စင်လွင့်ထွက်သွားခဲ့ရတဲ့ ဘ၀တွေ၊ မျက်ရည် မြစ်ချောင်းစီးဆင်းခဲ့တာတွေက " ပုံပြင်မဟုတ်ဘူးဆိုတာ ညီအကိုနောင်တော်များ အားလုံးအသိပါခင်ဗျာ။ ယ္ခုတော့ဒါတွေအားလုံး သဲထဲရေသွန်သလို ဖြစ်ရတော့မယ်။ "၂၀၀၈ အခြေခံဥပဒေရလဒ်၊ ၂၀၁၀ ရွေးကောက်ပွဲ" ဒါတွေကို စစ်တပ်က မဖြစ်မနေလုပ်ယူမှာပါပဲ။ " လူ့အခွင့်အရေးနှင့်ဒီမိုကရေစီ" ဆိုတာ အဝေးကြီးပါ၊ ဥပမာကျနော်တို့ ညီအကိုနောင်တော်တွေ ပြည်တွင်းမှာ နှစ်ရှည်ထောင်ချခြင်းတွေခံရပြီး မတရားဖိနှိပ်ခြင်းတွေနှင့်အတူ နယ်စပ်ထောင်တွေပို့ခံခဲ့ရတာကို ကြည့်ရုံနှင့် သိသာပါတယ်။

" ပြီးခဲ့တဲ့၁၈နှစ်" ကစပြီး ပေါ်ထွက်ခဲ့တဲ့ အစိုးရအနေနှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦးနှင့် အခြား တိုင်းရင်းသားခေါင်းဆောင်တွေ၊ ၈၈၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ အစရှိသလို နောက်ဆုံး အမှန်တစ်ကယ် ဒုက္ခပင်လယ်ဝေနေရသူ ပြည်သူတွေအတွက် အမှန်တစ်ကယ်ဘာတွေများ ကူညီ ဆောင်ရွက်ပေးနိုင်ခဲ့ပါသလည်းဆိုတဲ့ မေးခွန်းနှင့်အတူ အစိုးရတစ်ရပ်အနေနှင့် ပြည်သူတွေကို ဘာတွေများ အတိအကျထုတ်ပြန်ကြေညာခဲ့ပါသလည်း။ ယ္ခုအခါထပ်ပြီး မွန်းမံထားတဲ့ အစိုးရအနေနှင့် နောက်ထပ် ဘာတွေများ လုပ်ဆောင်မည်ဆိုတာ ကျနော်တို့ အရင်လိုပဲ ၁၈ နှစ်ကြာအောင် စောင့်ကြည့်နေသင့်သလား ဆိုတာ ကျနော်တို့ညီအကို နောင်တော်များ ကိုယ်တိုင် စဉ်းစားပြီး ကျနော်တို့ ရှေ့ဆက်ရမယ့် ခရီးကိုရွေးပြီး ပြတ်ပြတ်သားသား ပြည်သူလူထုတစ်ရပ်လုံးအတွက် တိုက်ပွဲကို ရင်ဆိုင်ကြပါစို့။


လေးစားစွာဖြင့်
တိုက်ပွဲဝင်ရဲဘော်တစ်ဦး



http://arzarni.blogspot.com မှ ကူးယူဖော်ပြသည်


No comments: