Friday, January 30, 2009

ထိုင်းနိုင်ငံသို့ ပင်လယ်ရေကြောင်းမှ တရားမ၀င် ၀င်ရောက်ရန် ကြိုးပမ်းခဲ့သည့် ရိုဟင်ဂျာဆိုသူများ

လတ်တလော ပြည့်ပသတင်းမီဒီယာအချို့အရ ရိုဟင်ဂျာလူမျိုးတစ်ချို့သည် စက်လှေများဖြင့် ပင်လယ်ရေကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်ရန် ကြိုးပမ်းမှုများရှိနေကြောင်းနှင့် ၎င်းင်းတို့အား ထိုင်းရေတပ်က ဖမ်းဆီးရမိပြီး ပင်လယ်ပြင်သို့ အတင်းအကျပ်ပြန်လွှတ်လျက်ရှိကြောင်း၊ ထိုရိုဟင်ဂျာ များအနက် အချို့မှာ မြန်မာနိုင်ငံမှဖြစ်ကြောင်း စသဖြင့်ရေးသားထုတ်လွှင့်နေသည်ကို တွေ့ရှိရသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်ရှိတိုင်းရင်းသားလူမျိုးစု ၁၀၀ ကျော်တွင်ရိုဟင်ဂျာဟူသည့် လူမျိုးပါဝင်ခြင်းလုံးဝမရှိပါ။

ထို့အတူ ထိုင်းနိုင်ငံက ယမန်နေ့က ထုန်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင်လည်း အဆိုပါ ထိုင်းနိုင်ငံသို့ ပင်လယ်ရေကြောင်းမှ တရားမ၀င်ဝင်ရောက်ရန် ကြိုးပမ်းခဲ့သူများသည် မြန်မာနိုင်ငံမှဖြစ်သည်ဟူ၍ ဖော်ပြထားခြင်းမရှိပါ။

မည်သို့ပင်ဖြစ်စေ ၎င်းကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုမြန်မာအစိုးရ သက်ဆိုင်ရာဌာနများအနေဖြင့် လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments: