Tuesday, January 13, 2009

ရန်ကုန်မြို့တွင် သူတောင်းစားများပိုမိုများပြားလာခြင်း

ရန်ကုန်မြို့တွင် အလုပ်အကိုင်ရှားပါးခြင်းနှင့်ငွေကြေးဖောင်းပွမှုများကြောင့်သူတောင်းစားမဟုတ်ဘဲ ၀တ်ကောင်း စားလှဖြင့် တောင်းရမ်း သူများ များပြားလာသည်။


ယခုနောက်ပိုင်းတွင် တောင်းရမ်းသူများကိုအစိုးရက ဖမ်းဆီးအရေးယူ လျက်ရှိခြင်းကြောင့် ပုံစံပြောင်းကာ ယခုကဲ့သို့ တဦးချင်းချဉ်းကပ် တောင်းရမ်း မှုများလုပ်လာခြင်းဖြစ်သည်။ ပုံစံအမျိုးမျိုးနှင့်တောင်းရမ်းမှုများတွင် အများစုမှာ ကလေးများ ကို အသုံးပြုလျှက်ရှိသည်ကိုတွေ့ရသည်။

အဆိုပါကလေးငယ်အများစုမှာ ဈေးရောင်းချနေသည့်ပုံစံဖြင့် လိုက်လံ တောင်းရမ်းခြင်းများကို ပြုလုပ်နေပြီး အချို့သော လူကြီးပိုင်းများမှာ ကားမှတ်တိုင်များနှင့်လူစည်ကားသောနေရာများတွင် မိမိ၏ပိုက်ဆံအိတ်မှာ ခါးပိုက်နှိက်ခံရကြောင်း ပြောပြီး ဘာမျှမရှိသောပိုက်ဆံအိတ်ကိုပြလျက် အိမ်ပြန်စရာကားခမရှိသဖြင့် ကားခကူညီပေးပါရန် ပြောကြားပြီး ပြန်ရမည်ခရီးမှာ သံလျှင်၊ လှိုင်သာယာ၊ ရွှေပြည်သာ စသောဝေးလံသည့် လိုင်းကားစီးလျှင်ကားခ ၃၀၀၊ ၄၀၀ ခန့် ကုန်ကျသော နေရာများကို ပြောတတ်ကြပြီး တောင်းရမ်းခြင်းများ ပြုလျှက်ရှိသည်။

ထိုသို့တောင်းရမ်းမှုများကိုပြုလုပ်နေသူအများစုမှာ လူလတ်ပိုင်း အမျိုးသား၊ အမျိုးသမီးများ ဖြစ်ကြသည်။ အချို့သော သက်ကြီးပိုင်းများမှာ လမ်းဘေးပလက်ဖောင်းများပေါ်တွင်ထိုင်လျှက် ခေါင်းကို အောက်စိုက်ပြီး တောင်းရမ်းခြင်းများ ပြုလုပ်ကြသလို့ အချို့သောအသက်၃၀ကျော်အမျိုးသမီးများမှာ ကလေးကိုချီလျက် တောင်းရမ်းလျှက်ရှိသည်။ အချို့မှာ ကလေးကို ချီထားသောကလေးအပြင် လမ်းလျှောက်နိုင်သောကလေးပါ ပါတတ်ကြသေးသည်။

အသက် ၅ နှစ်မှ ၁၅ နှစ်ခန့် ရှိသော ကလေးအများစုမှာလည်း လူစည်ကားသည့်နေရာများ၊ ဘုရားများနှင့် ရန်ကုန်မြစ်ကမ်းဘေး တစ်လျှောက်ရှိ ညနေပိုင်းတွင် လေညင်းခံနိုင်သောနေရာများတွင် မပေးမခြင်းဘေးမှာ မခွာဘဲ တောင်းရမ်းလျက်ရှိသည်။ ၄င်းတို့၏ အဓိကပစ်မှတ်မှာ သမီးရည်းစား အတွဲများ ဖြစ်သည်။

ယခုအခါ တောင်းရမ်းသူမျုားသည် လမ်းပေါ်တွင်သာမက အိမ်တွင်း၊ ဆိုင်တွင်းသို့ပါ အတင့်ရဲပြီး တောင်းရမ်းမှု များရှိလာပြီး မပေးကမ်းသောအိမ်များ၊ ဆိုင်များအားမကြားတကြားဆဲလေ့ရှိလာပါသည်။ နိုင်ငံအတွင်း ထိုသို့ သူတောင်းစားများပေါများလာခြင်း သည် နိုင်ငံ၏ဂုဏ်သိက္ခာကျဆင်းပါသည်။

1 comment:

Anonymous said...

ဒါနဲ. အဲဒီ အဖွားကြီးက မင်းအမေပုံလား ။မင်းကွာ အမျိုးယုတ်ပဲ ။