Friday, February 06, 2009

အန်ဂျလင်းနာ ဂျိုးလီနှင့် ဘရဲပစ်တို့ ကရင်နီ ဒုက္ခသည် စခန်းကိုလာရောက်လည်ပတ်


ထိုင်းနယ်စပ်မှာရှိတဲ့ ကရင်နီ ဒုက္ခသည်အမှတ် (၁) စခန်းကို အမေရိကန် နာမည်ကျော် ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး အန်ဂျလင်းနာ ဂျိုးလီနဲ့ သူမရဲ့ ခင်ပွန်း ဘရဲပစ်တို့ လာရောက်ခဲ့ပါတယ်။ ထိုင်းနယ်စပ်မှာ ရှိတဲ့ ဒုက္ခသည်တွေနဲ့ တွေ့ပြီး လက်ရှိဘ၀အခြေအနေတွေကို မေးပါတယ်။ သူတို့ ဇာတ်ဝင်ခန်းတစ်ခုမှာ ပီပီပြင်ပြင်လုပ်ချင်လို့ လာပြီး လေ့လာ တာလို့ပြောပါတယ်။ ဒါ့အပြင် စခန်းထဲမှာရှိတဲ့ မသန်မစွမ်းရုံးကို သွားရောက်ခဲ့ပြီး မသန်မစွမ်း သူများ နဲ့ လည်း စကားပြောခဲ့ပါတယ်။

" ခင်ဗျားတို့ရုံးမှာ ဘာတွေလိုအပ်လဲ၊ ပြန်ကြလို့ရှိရင် လိုအပ်တဲ့ အထောက်အကူ ပစ္စည်းတွေကို ကြိုးစားကူညီမယ်" လို့ ဆရာမ ဒါးရီ ကိုပြောခဲ့ပါတယ်။

စခန်းသူ စခန်းသားတွေကတော့ နာမည်ကျော် ရုပ်ရှင်မင်းသမီးလာလို့ဆိုပြီး ပြေးလွှားကြည့်ကြပါတယ်။

သို့သော် ထိုင်းအာဏာပိုင်များက ပါရှိသည့်အတွက် စုံတွဲ မင်းသား၊ မင်းသမီးကို စကားပြောချင်သော်လည်း အာဏာပိုင်ကို ကြောက်၍ စကားပြောဆိုခွင့် မရရှိခဲ့သည်ဟု စခန်းသူတဦးက ပြောပါသည်။ " ကျမဟင်းချက်မလို့ ရုပ်ရှင်မင်းသမီးလာတယ် ပြောတာနဲ့ ပြေးသွားတာ။ ဟင်းမချက်တော့ဘူး။ ဒါပေမယ့် ထိုင်းအာဏာပိုင်တွေရှိလို့ သူတို့နဲ့ စကားမပြောရဲဘူးလေ။ မယ်ဟောင်ဆောင် အခြေ စိုက် ယူအဲန်အိတ်ခ်ျစီအာရ် ရုံးမှ အကြီးအကဲတဦးက " ဘာကြောင့် ဒုက္ခသည်စခန်းဆီကို လာရသလဲ ဆိုတော့ သူမရဲ့ လှုပ်ရှားမှုတခုပဲ " ဟု ဆိုပါသည်။ ပြီးခဲ့သည့် ၂၀၀၄ ခုနှစ်သည်လည်း သူမ၏ရုပ်ရှင်လောကမှာ တိုးတက်ဖို့သက်သက်သာ ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းကို လာရောက် လည်ပတ်ခဲ့ဖူးသည်။

နော်သလေးဖော

No comments: