အလောင်းတော်ကဿပ စံကျောင်းသဘာဝလိုဏ်ဂူ ကျောက် တံခါးသည် တပို့တွဲလပြည့်နေ့ (၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက် နေ့)က ရုတ်တရက်ထူးခြားစွာ ပွင့် သွားခဲ့ပြီးဘုရားဖူးလာရောက်သူများ အံ့သြစွာ ဖူးမြော်ခွင့်ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
နှစ်စဉ် တပို့တွဲလပြည့်နေ့တွင် အလောင်းတော်ကဿပဘုရား၌ ဆီမီးပူဇော်ပွဲကျင်းပလေ့ရှိရာ ဘုရား ဖူးလာရောက်သူ နှစ်ရာဝန်းကျင်ခန့် ရောက်ရှိနေပြီး ယင်းကဲ့သို့ တပို့တွဲ လပြည့်နေ့ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်ခန့်၌ ကျောက်တံခါးပွင့်သွားခဲ့ခြင်း ဖြစ်ကာ ၁၅ မိနစ်ခန့်အကြာတွင် ပြန်လည်ပိတ်သွားခဲ့ကြောင်း သိရှိရသည်။
''တပို့တွဲလပြည့်နေ့ မွန်းလွဲ ၁ နာရီခွဲလောက်မှာ ရုတ်တရက်ပွင့် သွားခဲ့တာ။ ၁၅ မိနစ်လောက်ပဲကြာ ပါတယ်။ ဘုရားဖူးရောက်နေတဲ့သူ တွေလည်း အံ့အားတသင့် ဖူးမြော် ကြပြီး ရွှေငွေတွေကို ဂူအတွင်းပစ် လှူကြတာတွေ့ရတယ်။ လိုဏ်ဂူ အတွင်းမှာ ရွှေ၊ ငွေ၊ ကျောက်သံပတ္တ မြားတွေ မြင်တွေ့ရပြီး အခုလိုဖြစ် ရပ်မျိုးက ကြုံတောင့်ကြုံခဲပါ'' ဟု ကိုယ့်တွေ့ကြုံခဲ့သူတစ်ဦးက ပြောပြ ပါသည်။
အလောင်းတော်ကဿပ သဘာဝလိုဏ်ဂူတော်အတွင်းရှိ အလောင်းတော်ကဿပ ခန္ဓာကိုယ် သည် တေဇောဓာတ် မလောင်ကျွမ်း သေးဘဲ ဇဗ္ဗူရာဇ် ရွှေသားရွှေတုံး ကဲ့သို့လဲလျောင်းလျက်ရှိရာ အဆိုပါ ကဿပကိုယ်သည် နောင်ပွင့်တော်မူ မည့် အရိမေတ္တယျမြတ်စွာဘုရား ကိုယ်တိုင် မီးသဂြုင်္ိဟ်ခြင်းပြုမှသာ တေဇောဓာတ်လောင်းကျွမ်းသည်ဟု သမိုင်းကျမ်းဂန်အထောက်အထားများ အရ သိရှိရသည်။

အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ကို မုံရွာ-ယင်းမာပင်-ဂန့်ဂေါ-ဟားခါးလမ်းနှင့် မုံရွာမြို့ အနောက်ဘက် ချင်းတွင်းမြစ်ကို တံတားဖြင့်ကူးကာ ညောင်ပင်ကြီးမှ တစ်ဆင့် ယင်းမာပင်သို့ ၁၇ မိုင်ကို ကတ္တရာလမ်းအတိုင်း သွားရသည့် မြေသားလမ်းနှစ်လမ်းရှိပြီး နွေရာသီ တွင်သာ အသုံးပြုသွားလာနိုင် ကြောင်းသိရသည်။ စစ်ကိုင်းတိုင်း မုံရွာမြို့အနောက်ဘက်ကမ်းရှိညောင် ပင်ကြီးဒေသမှ ၄၅ မိုင်အကွာတွင် တည်ရှိသောအလောင်းတော်ကဿပ ဘုရားသို့ ပွင့်လင်းရာသီဖြစ်သော ဒီဇင်ဘာလ၊ ဇန်န၀ါရီလ၊ ဖေဖော် ၀ါရီလ၊ မတ်လနှင့် ဧပြီလများတွင် ကားများဖြင့် အမျိုးသားဥယျာဉ် သစ်လုံးအိမ်စခန်းအထိ အလွယ် တကူသွားလာနိုင်ပြီး သပိတ်ဆေး သစ်လုံးအိမ်စခန်းမှ အလောင်း တော်ကဿပစံကျောင်းသို့ ဆင်စီး၍ သော်လည်းကောင်း၊ ခြေကျင်ဖြင့် လည်းကောင်း သွားရောက်နိုင် သည်။
Weeky Eleven မှကူးယူဖော်ပြသည်--

No comments:
Post a Comment