Thursday, February 05, 2009

ရွှေကျင်နိကာယ ဂိုဏ်းလုံးကျွတ် သံဃာ့အစည်းဝေးကြီး ကျင်းပမည်


၁၇-ကြိမ်မြောက် သာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ ဂိုဏ်းလုံးကျွတ် သံဃာ့အစည်းဝေးကြီးကို ဖေဖော်ဝါရီလ ၆-ရက်နေ့ကစပြီး ၈-ရက်နေ့အထိ မန္တလေးတောင်ခြေမှာ ရှိတဲ့ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီးမှာ ကျင်းပပြုလုပ်မယ်လို့ နန်းတွင်း မြောက်ဘက် တံတားအထွက် မီးပွိုင့်၊ ဂေါက်ကွင်းသွားတဲ့လမ်းမပေါ်မှာ မုဒ်ဦးပြုလုပ်ပြီး ဖော်ပြရေးသားထားပါတယ်... ဒါအပြင် billboard ဖြင့်ပါ “သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ” ဆိုပြီး တင်ထားပါတယ်...

1 comment:

MgHla said...

ဓာတ်ပုံ ယူသုံးပြီး credit မပေးသင့်အပြင် ဓာတ်ပုံတွင် တပ်ထားသည့် နာမည်ကိုပါ ဖျက်ထားသည့်အတွက် အမေ့အိမ် ဘလော့ ပိုင်ရှင် နောက်နောက် အခြား ဘလော့များ ထံမှ ဓာတ်ပုံယူသုံးမည် ဆိုပါက ပိုင်ရှင်ထံ ခွင့်တောင်းပြီး မှ ယူသုံးပါ။
မောင်လှ