Friday, February 27, 2009

ဒူဘိုင်း က ရင်နင့်ဖွယ်ရာ ဖြစ်ရပ်ဆိုး

အစားမတော်တစ်လုပ်၊ အသွားမတော်တစ်လှမ်းဆိုတဲ့စကား သိပ်မှန်တယ်ဆိုတာ ကျွန်တော် လက်ခံလိုက် ပါပြီ။ ယနေ့ IT ခေတ်ကြီးမှာ ယောက်ကျားနဲ့အတူ မိန်းမတွေလည်း ရင်ဘောင်တန်းပြီး လိုက်လာနေနိုင်ပါပြီ။ ဒါပေမဲ့ ငွေနောက်ကောက်ကောက်ပါအောင် လိုက်ရင်တော့ ယောက်ကျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် ဘ၀အဆုံးသတ် ကောင်းမှာ မဟုတ်ပါဘူး။ အထူးသဖြင့် နိုင်ငံရပ်ခြားမှာ မိဝေး ဖဝေးစွန့်စွန့်စားအလုပ်လုပ် နေကြသူများအတွက် လုပ်ငန်းအခက်အခဲအပြင် ပတ်ဝန်းကျင်အသစ်နဲ့ ထိတွေ့ဆက်ဆံ ရသည်မို့ မိမိပုဂ္ဂလိကအဆင်ပြေရေး၊ ကျန်းမာရေး၊ ဘေးအန္တရာယ်များမှ ကင်းဝေးလုံခြုံရေး၊ ကိုယ်ကျင့်သိက္ခာမထိခိုက်ရေးအပြင် ပြည်ပရောက် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံဟာ မိမိနိုင်ငံကို ကိုယ်စားပြုတာမို့ မိမိတို့ရဲ့ အပြုအမှုများသည် မိမိတစ်ဦးချင်း၊ မိမိတစ်မိသားစုတင် သာမက နိုင်ငံရဲ့ဂုဏ်သိက္ခာကိုပါ မြှင့်တင်စေနိုင်၊ ထိခိုက်စေတာမို့ အထူးဂရုပြု သင့်ပါတယ်။


ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဒူဘိုင်းမှာ အဓမ္မပြုကျင့်ပြီး ရက်ရက်စက်စက်အသတ်ခံခဲ့တဲ့ မြန်မာအမျိုးသမီးလေးပါ။ အရင် သူမက မလေးရှားမှာ ခင်ပွန်းဖြစ်သူနဲ့အတူ အလုပ် လုပ်တာခဲ့ပါတယ်။ ၆ နှစ်အရွယ် သမီးငယ်လေးတစ်ယောက်ရှိပြီး ပျော်ရွှင် ချမ်းမြေ့စရာ ကောင်းတဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်ခဲ့ရပါတယ်။ လူဆိုတော့လည်း ခေတ်ရေစီးကြောင်းနဲ့အညီလိုက်နိုင်ဖို့၊ ပတ်ဝန်းကျင်မှာ အဆင့်အတန်းမြင့်မြင့်နဲ့ နေနိုင်ဖို့စတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်အောင် ရုန်းကန်လှုပ်ရှားရင်း လောဘဇောတွေ အတောမသတ်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။ ယူအေအီးနိုင်ငံရဲ့ အကြီးဆုံးလေကြောင်းလိုင်း ဖြစ်တဲ့ ဒူဘိုင်းအခြေစိုက် Eminates Airline ရဲ့ Customer Service ဌာနမှာ လွန်ခဲ့တဲ့ (၆)ကမှစပြီး အလုပ်ရခဲ့လို့ ဘ၀အတွက်မျှော်လင့်ချက်တွေ ပိုမိုရရှိခဲ့ပါတယ်။ မိမိကိုယ်တိုင် ၀တ်တတ် စားတတ်ပြီး ပင်ကိုယ်ကလည်း ချောမောလှပဆွဲဆောင်မှုရှိတဲ့အတွက် လူအများရဲ့အလယ်မှာ ဂုဏ်ယူဝင့်ကြွားစရာ ဖြစ်လာခဲ့ပါတယ်။ လုပ်ဖော်ကိုင်ဖက် ၀န်ထမ်းတွေရဲ့ အလယ်မှာလည်း အလှမာန်ဝင့်ပြီး ရေပန်းစားလာ ပါတယ်။ မိတ်ဆွေသူငယ်ချင်းများရဲ့ သတိပေးတားမြစ်မှုတွေကြားကနေပြီး အိမ်ထောင်နဲ့ သမီးငယ်လေးကိုမေ့ကာ တိုင်းတပါးသားတစ်ယောက်ရဲ့ အပင့်အမြှောက်၊ လုပ်ကြံဇာတ်လမ်း ထဲမှာ နစ်မြောခဲ့ပါတယ်။ တစ်ယောက်ထဲ အထီးကျန်ဆန်မှုတွေကို လုပ်ဖော်ကိုင်ဖက်တိုင်းတပါးသားရဲ့ ရင်ခွင်မှာပဲ ဖြေသိမ့်နစ်မြောရင်းခရီးဆက်ခဲ့ပါတယ်။

သို့သော် သူမရဲ့ ရင်ခုန်လှိုက်မောဖွယ်ရာ အချစ်စွန့်စားခန်းကတော့ အဆုံးသတ်မလှခဲ့ပါဘူး။ ချစ်သူ ခေါ်ရာကို လိုက်သွားခဲ့ပြီးနောက် ၆ ရက်မြောက်နေ့မှာ သူမနေထိုင်တဲ့ အဆော်အနီးအနားရှိ ဆောက်လက်စ တိုက်ခန်း မြေကွက်လပ်ဘေး ရေနှုတ်မြောင်းကွန်ကရစ်အုတ်ကန်အတွင်းမှာ အ၀တ်အစားမဲ့ ခန္ဓာကိုယ်နဲ့ ဘ၀ကို အဆုံးသတ်သွားခဲ့ပါတယ်။

ဒူဘိုင်းမှာ မြန်မာသံရုံးမရှိပါဘူး။ ဘယ်သူ့ကိုသွားပြီး အားကိုးရမလဲ။ ဒူဘိုင်းရဲတွေကတော့ အလောင်းစစ်ဆေးပြီး လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုများ မပြီးပြတ်သေးတဲ့အတွက် သူမ သေဆုံးရသည့်အကြောင်းအရင်းကို တိကျစွာမသိရသေးဘူး လို့ပဲ မရေရာ မသေချာမှုနဲ့ပဲ အဆုံးသတ်ပေးခဲ့ပါတယ်။ ညအချိန်မတော်ပြန်အလာ လူပြတ်တဲ့ ဆောက်လက်စအဆာက်အဦးအနားမှာ ကုလားတွေက အဓမ္မပြုကျင့်ပြီး အသတ်ခံ ခဲ့ရတယ်လို့သာ ကောက်ချက်ချထားနိုင်ခဲ့ပါတယ်။ ကျန်ရစ်ခဲ့တဲ့ ခင်ပွန်းနဲ့ သမီးငယ်လေးအတွက်တော့ စိတ်မကောင်းစွာ ဖြစ်ခဲ့ရ ပါတယ်။ နိုင်ငံရပ်ခြားကိုမှ အထင်ကြီးတက်ကြတဲ့ မြန်မာအမျိုးငယ်တစ်ချို့အတွက် သင်ခန်းစာယူနိုင်ကြပါစေ.....။


နေမင်းသူ

No comments: