လူတုပ်ကွေးဗိုင်းရပ်စ်နှင့် ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်နှစ်မျိုးစလုံးတစ်ပြိုင်တည်း ကူးစက် ခံရပါကျိုးရိုးဗီဇပြောင်းလဲကာ တုပ်ကွေးကပ်ရောဂါဖြစ်ပွားစေနိုင်သည့် အခြားသောဗိုင်းရပ်စ် အသစ်တစ်မျိုးဖြစ်လာနိုင်သဖြင့် လူတုပ်ကွေး ကာကွယ်ဆေး ထိုးနှံထားရန်အရေးကြီး ကြောင်းသိရပါသည်။ ယခုအခါကြက်၊ငှက်တုပ်ကွေးရောဂါမှာ အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားလျက်ရှိပြီး မြန်မာနိုင်ငံသို့လည်းဆောင်းခိုငှက်များမှတစ်ဆင့်ကူးစက်ပျံ့နှံ့လာနိုင်ပါသည်။
တုပ်ကွေးကပ်ရောဂါကျရောက်လာမည့်အရေးကိုကမ္ဘာတစ်ဝန်းသုတေသနပညာရှင်ကြီးများက လေ့လာသုတေသနပြုလျက်ရှိပြီး WHOကပင်တုပ်ကွေးကာကွယ်ဆေး ထိုးမထားသော လူတစ်ဦးတွင် လူတုပ်ကွေးဗိုင်းရပ်စ်နှင့် ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်နှစ်မျိုးလုံး တစ်ပြိုင်တည်းကူးစက်ခံရပါက ဗိုင်းရပ်နှစ်မျိုးလုံး ပူးပေါင်း၍မျိုးရိုးဗီဇပြောင်းလဲကာ တုပ်ကွေးကပ်ရောဂါဖြစ်ပွားစေနိုင်သည့် အခြားသောဗိုင်းရပ်စ်အသစ်တစ်မျိုး ဖြစ်ပေါ်လာနိုင် ကြောင်းသိရသည်။ “တုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်နှစ်တိုင်းတစ်နှစ်မှာ တစ်ကြိမ် တုပ်ကွေးရာသီ မတိုင်မီ ထိုးရင်အကောင်ဆုံးဖြစ်ပါတယ်။ တုပ်ကွေးရာသီအတွင်းမှာလဲ တုပ်ကွေးကာကွယ်ဆေးထိုးလို့ရပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်ပိုးရဲ့ သဘာဝအရမျိုးရိုးဗီဇ ဆိုင်ရာ အသေးစားပြောင်းလဲမှုတွေ နှစ်စဉ်နှစ်တိုင်း ဖြစ်ပေါ်နေတဲ့ အတွက် ကာကွယ်ဆေးကို နှစ်စဉ်နှစ်တိုင်းထိုးဖို့ လိုပါတယ်။ ကမ္ဘာ့နိုင်ငံ အတော်များများမှာ တုပ်ကွေး ရောဂါကာကွယ်ဆေး ကို ယုံကြည်စိတ်ချစွာ ထိုးနှံနေကြပါတယ်” ဟုသုတေသန ပညာရှင်တစ်ဦးကပြောကြားကြောင်း ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ ၁၇ရက်နေ့ထုတ် Flower News ဂျာနယ်တွင်ဖော်ပြထားပါသည်။

No comments:
Post a Comment