ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနားသည် ကရင်ပြည်နယ် ခရီးစဉ်အဖြစ် ၁၅-၂-၂၀၀၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ နဘူးသို့ ရောက်ရှိကာ ဗိုလ်ချုပ် ထိန်မောင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်လို့ ပြောတယ်၊ ဖထီး ထိန်မောင်တို့နဲ့ တွေ့တယ်ကြားတယ်၊ ကရင်ရိုးရာယဉ်ကျေးမှုအကတွေကို ကြည့်ရှု၊ သူတို့ကိုယ်တိုင်လည်းကရင်ရိုးရာဝတ်စုံတွေ ၀တ်ပြီးအားပေးခဲ့တာကို သိရတော့ ၀မ်းသာကြည်နှုးမိပါတယ်၊ ဒါပေမယ့် လူ့အခွင့်အရေးကိစ္စဆိုပြီး ကျွန်တော်တို့ ဆီတော့ မလာဘူး၊ ကရင်တွေဘယ်လောက် ဒုက္ခရောက်နေတယ်ဆိုတာ သူတို့လာကြည့်မှ အဖြစ်မှန် သိရမှာပေါ့၊ ကေအင်န်ယူ အစည်းအရုံးကလည်း ဘာတွေလုပ်နေလဲ မသိဘူး ဟု နိုဖိုးဒုက္ခသည်စခန်းမှ ကရင်ဒုက္ခသည် အမျိုးသားတစ်ဦးက ပြောကြားခဲ့ကြောင်း သိရပါတယ်။

စောပလာဆေး
၁၈-၂-၂၀၀၉
၁၈-၂-၂၀၀၉
No comments:
Post a Comment