Tuesday, February 03, 2009

အင်န်အယ်ဒီပါတီက ဂန်ဘာရီ၊ ဒေါ်စုတို့နှင့် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲ


စစ်အစိုးရ အသိအမှတ်ပြု ပါတီဗဟိုအဖွဲ့ဝင် ၅ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၁၅ မိနစ်ခန့် ကြိုတင်ဆွေးနွေးပြီးမှ ကုလကိုယ်စားလှယ် ဂန်ဘာရီနှင့် တွေ့ဆုံခဲ့ပါသည်။ အင်န်အယ်ဒီပါတီ၏ သတင်းစာရှင်းလင်းပွဲတွင် ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်း၊ ဦးဟန်သာမြင့်နှင့် အဖွဲ့ချုပ်ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်တို့က သတင်းထောက်များ၏မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ပါသည်။

ဦးဝင်းတင်အား သတင်းထောက်များက ဂန်ဘာရီ နှင့် မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့ကြောင်း မေးမြန်းရာတွင် -

(၁) နိုင်ငံရေးအကျဉ်းသားများ အားလုံး လွှတ်ပေးရန်၊
(၂) ၂၀၀၈ တပ်မတော် အခြေခံဥပဒေကို ပြန်လည် သုံးသပ်ရန်၊
(၃) တွေ့ဆုံဆွေးနွေး အဖြေရှာကြရန်
(၄) ပြည်သူ့လွှတ်တော် ခေါ်ယူရေးကိစ္စများကို ဆွေးနွေးကြကြောင်း ဖြေကြားခဲ့ပါသည်။

၂၀၁၀ ရွေးကောက်ပွဲအကြောင်း ထည့်သွင်းခြင်း မရှိဟု ကြားသိရပါသည်။

No comments: