ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရှိ မယ်လဒုက္ခသည်စခန်း မှာ မနေ့က ညနေ ၃း၃၀ အချိန် မီးလောင်ခဲ့ပါတယ်။ မယ်လစခန်း ဇုံစီရပ်ကွက်(၂)ရှိ နေအိမ်မှ စတင်ကာမီးလောင်တာ ဖြစ်ပါတယ်။
မီးလောင်မှုနဲ့ ပတ်သက်ပြီး စခန်းဒုဥက္ကဌ စောအန်းကူး ကိုဆက်သွယ်မေးမြန်းခဲ့ပါတယ်။
မီးလောင်တာက မိနစ် ၃၀ လောက်ကြာတယ်။ မီးစလောင်တဲ့အိမ်က အိမ်ရှင်လည်းမရှိဘူး။ လေကလည်းအရမ်းတိုက်တော့ ဘေးကအိမ်တွေ ကိုပါမီးကူးသွားပြီး အိမ် ၅ လုံးမီးထဲ ပါသွားတယ်။ အဲဒီအိမ်တွေက တော့ပစ္စည်း တွေရောအားလုံးပါ သွားတယ်။ အနီးအနား မှာရှိတဲ့ အိမ်နည်းနည်းကို လည်းမီး ဆက်ပြီးကူးမှာစိုးလို့ ဖျက်ပစ်လိုက်ရပါတယ်။
ရှို့ မီးလား၊ သဘာဝမီးလား လို့ဆက်လက်မေးမြန်းရာ -
အဲဒါတော့ အတပ်ပြောလို့ မရသေးဘူးဗျ။ ကျွန်တော်တို့ ဆက်လက်စုံစမ်း နေတုန်းပဲ။ အဲဒီအိမ်ကတော့ လူကလည်းရှိမနေတော့..... အခုအချိန်အထိ ဘာမှထင်မြင်ချက်မှ မပေးနိုင်သေးဘူး။
မီးလောင်မှုကို ကိုယ်တိုင်တွေ့ခဲ့ တဲ့ ဇုံစီ(၂) က ဒုက္ခသည်အမျိုးသမီး တစ်ဦးကိုမေးမြန်းကြည့်ခဲ့ပါတယ်။
မီးသတ်ကားက နောက်မှရောက်လာတာ။ မီးလောင်တဲ့နေရာက ချောင်းနဲ့ကလည်း နီးတော့ လူတွေက ချောင်းထဲက ရေတွေကို ပုန်းနဲ့ ခပ်ယူပြီး ၀ိုင်းလောင်းရတာ။ လူအများကြီးနဲ့ ၀ိုင်းလောင်းရတာ။ လေကလည်းတိုက်နေတော့ မီးကူးမှာအရမ်းစိုးရိမ်နေတာလေ။ ဘုရားသခင် ကြည့်ရှုစောင်မလို့ တော်သေးတယ်.... မီးကိုဝိုင်ငြိမ်းနိုင်ခဲ့တယ်။
မယ်လစခန်း၊ ဇုံစီရပ်ကွက် သည် နှစ်စဉ်နှစ်တိုင်းလိုလို မီးလောင်မှုဖြစ်ပွားလေ့ရှိကြောင်း နှင့် မီးဘေးကြိုတင်ကာကွယ် ရေးလည်းမရှိ ကြောင်းသတင်းရရှိပါသည်။

No comments:
Post a Comment