မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တွင် မတ်လ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပခဲ့သည့် မွန်ပြည်သစ်ပါတီ ညီလာခံတွင် ဗဟိုကော်မတီဝင်အားလုံး ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် တွေ့ဆုံရန် ဆုံးဖြတ်ခဲ့ကြသည်။
မတ်လ (၃) ရက်နေ့တွင် မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်နှင့် စစ်ဘက်ရေးရာ လုံခြုံရေး ညွှန်ကြားရေးမှူးချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်တို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် တွေ့ဆုံပြီးနောက်ပိုင်း မွန်ပြည်သစ်ပါတီ ဗဟို ကော်မတီဝင် နှင့်နီးစပ်သူတစ်ဦးက '' အခုအကြိမ် ကျင်းပတဲ့ မွန်ပြည်သစ်ပါတီ ညီလာခံမှာ ဗဟိုကော်မတီဝင်အားလုံးတွေ့ဆုံဖို့ ဆွေးနွေးခဲ့တယ်၊ နောက်တစ်လနှစ်လကြာရင် ဒုဗိုလ်ချုပ်ကြီး ရဲမြင့် နဲ့တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့တယ် " ဟု ပြောသည်။
ဒုဗိုလ်ချုပ်ကြီး ရဲမြင့်သည် မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်၊ ဒုတိယ ဥက္ကဌ နိုင်ရဿ အဖွဲ့ဝင် တို့နှင့်တွေ့ဆုံခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ရန် စည်းရုံးခဲ့သည်ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီမှ မတ် (၂၇) ရက်နေ့တွင် သတင်းဖော်ပြခဲ့ပါသည်။ ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် တွေ့ဆုံးပြီးနောက်ပိုင်း မွန်ပြည်သစ်ပါတီ အနေဖြင့် ရွေးကောက်ပွဲ ကျင်းပမည့်အခြေအနေနှင့် နောက်အစိုးရအသစ်တက်လာပါက တိုင်းရင်းသားအဖွဲ့အစည်းများ ရင်ဆိုင် ရမည့်အခြေအနေများကို သိရှိလာခဲ့ရကြောင်း၊ အခြားတိုင်းရင်းသား အဖွဲ့အစည်းများကဲ့သို့ အစိုးရနှင့် များများထိတွေ့မှု ရယူပြီး ဖြစ်ပေါ်လာမည့် နိုင်ငံရေး အခြေအနေပေါ်မူတည်ပြီး ၎င်းင်းတို့၏ ရပ်တည်ချက်ကို ချိန်ဆလုပ်ကိုင်သွားမည်ဖြစ် ကြောင်း၊ မွန်ပြည်သစ် ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက သုံးသပ်ပြောကြားခဲ့ပါသည်။ မွန်ပြည်သစ် ပါတီနှင့် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်တို့ တွေ့ဆုံမှုသတင်း မွန်ပြည်နယ်အတွင်း ပျံ့နှံ့ခဲ့ပြီးနောက် အစိုးရနှင့် မွန်ပြည်သစ်အကြား ထိတွေ့ ဆက်ဆံမှုများလာခြင်းကို မွန်လူမျိုးများမှ ထောက်ခံ အားပေးလျက်ရှိကြောင်း၊ မွန်ပြည်သစ်ပါတီနှင့် သဘောထားကွဲလွှဲ နေသော နိုင်ပန်းညွန့်အဖွဲ့က အခြေအနေစောင့်ကြည့်လျက်ရှိကြောင်း နယ်စပ်သတင်းများအရ သိရှိရပါသည်။
သတင်း- မွန်သတင်းအေဂျင်စီ

No comments:
Post a Comment