Tuesday, March 24, 2009

ဘိုင်စကုတ်ထဲကလို ပစ်ကြမယ်

အပစ်အခတ် အကြမ်းအရမ်းတွေနဲ့ နာမယ်ကျော် ဇတ်ကြမ်းမင်းသား “အာနိုး”Arnold Schwarzeneggerပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် အရွေးခံထားရတဲ့ Oakland မှာ ပုလိပ်နဲ့ လူဆိုး ပစ်ခတ် ထွက်ပြေး ၀ိုင်းကြဖမ်းကြ အပြန်အလှန် ပစ်ခတ် ထိမှန် သေကြေကြတဲ့ သတင်းတွေ ကို ဘိုင်စကုတ်ကြည့်ရသလိုဘဲ တွေ့လိုက်ရပါတယ်။

Oakland အရှေ့ပိုင်းMacArthur Boulevardမှာ မတ်လ၂၁ရက် နေ့လည် ၁နာရီ၈မိနစ်က မော်တော်ဆိုင် ကယ်စီးပုလိပ် Hege နှင့် Dunakin တို့ဟာ ၁၉၉၅မော်ဒယ် Buick အမျိုးအစား ဆီဒင်ကားတစီးကို စစ်ဆေးဖို့တားဆီးရာမှာ ကားထဲကLovelle Mixon ဆိုတဲ့ ငမိုက်သားက သေနတ်နဲ့ထပစ်လို့ ပုလိပ် Dunakin ပွဲခြင်းပီး သေပြီး ပုလိပ် Hege က တော့ အပြင်းအထန်ဒဏ်ရာရသွားပါတယ်။ ပစ်တဲ့ငနဲကတော့ ခြေကျင်ဘဲ ပြေးသွား သတဲ့။



အဲသလိုအပစ်ခံရတာကို တစုံတယောက်က (ဗမာသတင်းစာစတိုင်နဲ့ရေးရင် တာဝန်သိ လုပ်သားပြည်သူ တဦးက ) မွန်းလွဲ ၁နာရီ၁၆မိနစ်မှာ ပုလိပ်ဌာနကို ဖုန်းဆက်ပြီး ဆေးရုံကားအကူတောင်းပါတယ်။



အဲဒဲီနောက်ပိုင်းမှာတော့ Oakland က ပုလိပ်တွေ California Highway Patrol ပုလိပ်တွေ Alameda တရား ရေးဌာနက sheriff လို့ခေါ်တဲ့ ဘိုင်စကုတ်ထဲက ကောင်းဘွိုင်သူကြီး အဖွဲ့တွေ နဲ့ လမ်းအ၀င် အထွက်တွေပိတ်ပြီးရှာကြပါတယ်။ နေ့လည် ၃နရီခွဲမှာ အမည်မဖေါ်လိုသူတဦး၏ သတင်းပေးချက်အရ apartment တခုကို ရဲအထူးတိုက်ခိုက်ရေး အဖွဲ့SWAT က၀ိုင်း တဲ့အခါ ပုန်းနေတဲ့ငနဲက စ်သူံးရိုင်ဖယ်နဲ့ခံပစ်လို့ ပုလိပ်၂ ယောက်ထပ်သေပါတယ်။နောက်ပုလိပ်တယောက်လဲကျည်မှန်ပေမဲ့ ကျည်ကာအင်္ကျီကိုထိ တာမို့ ကံကောင်း သွားပါတယ်။ ကံမကောင်းသင့်တဲ့ ငမိုက်သားလဲပုလိပ်လက်ချက်နဲ့ မိုက်ဇတ်သိမ်းသွားပါတယ်။


၎ယောက်သေတာမျိုး ၁၉၇၀ ခုနှစ်က ကယ်လီဖိုးနီးယားအဝေးပြေးလမ်ထိမ်းပုလိပ် ၄ယောက် အသတ်ခံခဲ့ရပြီးနောက် နှစ်ပေါင်း၄၀နီးပါးကြာအောင် မဖြစ်ခဲ့ဘဲဘိုင်စကုတ်မင်းသား လက်ထက်ကျမှ တိုက်ဆိုင်စွာဘိုင်စကုတ်ထဲကလို ပစ်ခတ် ကုန်ကြပါလေရော...။
Lovelle Mixon
အခင်းစဖြစ်ချိန်မှာ ကားကို တားတဲ့ပုလိပ်တယောက် ချက်ခြင်းသေပီး တယောက်က သေကောင်ပေါင်းလဲ ဖြစ်နေကာ (ခုတော့ သေရှာပါဘီ) ပစ်တဲ့လူကလဲသေသွားပြီ မို့မော်တော်ဆိုင်ကယ်စီးပုလိပ်က ဘာကို မသင်္ကာလို့ စစ်ဖို့တားတယ်ဆိုတာကိုတော့ မသိရပါဘူး။


သတင်း-ကမ္ဘာမကြေ

No comments: