Tuesday, March 24, 2009

မြန်မာစစ်တပ်မှ ထွက်ပြေးလာသူ တပ်သားသုံးဦးကို ဘင်္ဂလားအာဏာပိုင်များက ဖမ်းမိ

မြန်မာ့ နအဖ စစ်တပ်မှ ထွက်ပြေးလာသူ တပ်သားသုံးဦးကို ဘင်္ဂလားရိုင်ဖယ် တပ်ဖွဲ့မှ စနေနေ့က ဖမ်းဆီးရမိလိုက်သည်။

အဆိုပါ တပ်သားသုံးဦးကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဘင်ဒရိုဘင်ခရိုင် ဟေရ်မာန် မောင်ရွှေစိန်ကျေးရွာတွင် အနားယူနေစဉ် ဖမ်းဆီးလိုက် ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသည့် တပ်သားများမှာ မောင်မောင်သန်း၊ စိုးထွေးနှင့် သန်းဌေးလှိုင် တို့ဖြစ်ကြပြီး သူတို့အားလုံးမှာ အသက် ၂ဝ ကျော်အရွယ် ရှိကာ ရခိုင်အမျိုးသားများဖြစ်ကြသည်။

သူတို့သုံးဦးလုံးမှာ ခမရ ၅၃၈ တပ်ရင်းမှ ဒုတပ်ရင်းမှူး တင်အောင်မြင့် ဦးဆောင်သည့် စစ်ကြောင်း(၂)မှ ဖြစ်သည်။

ခမရ ၅၃၈ မှာ လွန်ခဲ့သည့် ဖေဖော်ဝါရီလအစောပိုင်းကတည်းက အင်အား ၉ဝ ခန့််နှင့် ဘင်္ဂလားမြန်မာ နယ်စပ်တလျောက်တွင် ဘိန်းခင်းရှင်းလင်းရေးနှင့် နယ်စပ်မှတ်တိုင်များကို စစ်ဆေးနေစဉ် ယခုကဲ့သို့ ထွက်ပြေးလာခြင်းဖြစ်ကြောင်း ဘင်္ဂလားအာဏာပိုင်များကို သူတို့သုံးဦးမှ ထွက်ဆိုဝန်ခံထားကြောင်း သိရှိရသည်။

သူတို့မှာ တပ်တွင်းပြစ်မှုတခုကို ကျူးလွန်မိသည့်အတွက် အထက်အရာရှိများ၏ အပြစ်ပေး အရေးယူမည်ကိုစိုးရိမ်သည့်အတွက် ယခုကဲ့သို့ လက်နက်မဲ့ ထွက်ပြေးခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

သတင်း - နိရဉ္စရာ

No comments: