Tuesday, March 24, 2009

အင်းစိန်တွင် မော်တော်ယာဉ်တစီး တိမ်းမှောက်

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တွင် မတ်လ ၁၉ ရက်နေ့ ညနေပိုင်းက ပုံပါအတိုင်း မော်တော်ယာဉ်တစီး တိမ်းမှောက်မှုဖြစ် ပွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ရန်ကုန်-မှော်ဘီ အဝေးပြေးလမ်းမကြီး ပေါ်ရှိ ကြို့ကုန်းကားမှတ်တိုင်နှင့် ဘီဘီ အိုင်ကားမှတ်တိုင်ကြားတွင် တိမ်းမှောက် မှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွား ချိန်တွင် မော်တော်ယာဉ်ပေါ် ခရီးသည် ၇ဦး လိုက်ပါ စီးနင်းသည်ဟု သိရသည်။

ယဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက် ပါစီးနင်းသူ ၇ဦးစလုံး ထိခိုက်ဒဏ်ရာ ရရှိပြီး အနီးဆုံးဆေးရုံကို ပို့ပေးထားသည်ဟု သိရှိရသည်။


သတင်း-အဲခေါင်သောင့်

No comments: