ကြည့်ရှုခွင့် မရခဲ့သော ပြည်ပ သတင်း ၀ဘ်ဆိုတ် တချို့မှာ ဧပြီလ ၁၁ ရက်နေ့ ညနေ မှစပြီး ကြည့်ရှုခွင့်ရရှိခဲ့သည်။ ပြည်ပ အခြေစိုက် မြန်မာ သတင်းဝဘ်ဆိုက် အချို့ဖြစ်သည့် ခေတ်ပြိုင်၊ မဇ္ဈိမ၊ ဧရာဝတီ နှင့် မိုးမခ တို့ ကို မည်သည့် Proxy များနှင့် Tunelling Software သုံးစရာ မလိုပဲ ကြည့်ရှုနိုင် သည် ဟုသိရသည်။
ရန်ကုန်မြို့ ယောမင်းကြီး လမ်းတွင် အင်တာနက် ဆိုင်ဖွင့် ထားသူ တစ်ဦးက “ကျွန်တော် ဒီမနက်ကပဲ YOU TUBE ကို ပရောက်စီ နဲ့ကျော် ရသေးတယ်။ ညနေ ကျတော့ဘရောက်ဇာ မှာ ဒီအတိုင်းပွင့် လာရော အဖေ ကတော့ မဇ္စျိှမ တို့ မိုးမခ တို့ ကို ကျော်စရာ မလိုဘဲ ကြည့်လို့ ရလို့ ပျော်နေတယ်” ဟု Freedom News Group သို့ ပြောသည်။
ယခင်က ပိတ်ထားသော www.blogger.com ကိုပြန်လည်ကြည့်ရှု၍ ရသည့် အတွက် ဘလောက်ဂါများလည်း ပျော်နေသည် ဟုဆိုသည်။ မြန်မာနိုင်ငံ၏ နာမည်ကျော်ဝဘ်ဆိုက်မှ ၀ဘ်မာစတာ တစ်ဦးကမူ “မိန်းပေါ်တယ် ကို ပြန်ပြင်နေ တုန်းမှာ အမှားအယွင်း တစ်ခုခု ဖြစ်သွားလို့ ပြန်ပွင့်သွားတာထင်တယ် ဒီလောက်တော့ သဘောကောင်းမှာ မဟုတ်ဘူး စောင့်ကြည့်ရအုံးမှာပဲ ”ဟုပြောသည်။
အယ်(လ)ဂျာဇီးယား၊ ၀ါရှင်တန်ပို့(စ်)နှင့် ဗြိတိသျှ အသံလွှင့် ဌာန BBC ၏ ၀ဘ်ဆိုတ် များကိုလည်း ပြန်လည် ကြည့်ရှု၍ ရပြီဖြစ်သည်။
ရန်ကုန်မြို့မှ ဘလောက်ဂါ တစ်ဦး ကမူ “သတိထားပြီးစောင့် ကြည့်ဖို့ လိုတယ်။ သူတို့က ဘယ်သူတွေဘာ သိချင်လဲ ၊ဘာတွေ လုပ်နေလဲ ဆိုတာ စောင့်ကြည့်ပြီး အပြတ်ရှင်း ပစ်မယ့် သဘောလဲ ဖြစ်နိုင်တယ် ”ဟုဆိုသည်။
ပြည်ပမှ နာမည်ကြီး ဘလောက်ဂါများ ဖြစ်သည့် ဒေါက်တာ လွဏ်းဆွေ၊၊ မေငြိမ်း၊ ဖိုးတရုပ်၊ တတိယမျက်လုံး စသည့် ဘလောက်များကို လည်း မည်သည့် ပရောက်ဆီ မှ ကြားခံစရာ မလိုဘဲ တိုက်ရိုက် ကြည့်ရှု နိုင်ပြီ ဖြစ်သည်။
သတင်း-ဟိန်းခိုင်ထွန်း

No comments:
Post a Comment