Tuesday, April 14, 2009

ပိုလာဝက်ဝံကြီးများထံခုန်ချသွားခဲ့သောအမျိုးသမီးကြီး


မနေ့က ဘာလင်တိရိစ္ဆာန်ရုံးကြီးမှာ အသက် ၃၂ နှစ် အရွယ်ရှိတဲ့ ဂျာမန်အမျိုးသမီးကြီးတစ်ဦး၏ ထူးခြားတဲ့ အမှတ်မထင် လုပ်ရပ်တစ်ခု ကြောင့် တိရိစ္ဆာန်ရုံးကို လာရောက်လည်ပတ်သူတွေ ဟာ တုန်လှုန့်ချောက်ချားကာ တအံတသြ ဖြစ်သွားစေခဲ့တယ်။

သူမဟာ ပိုလာဝက်ဝံတွေ ပြသထားရှိတဲ့ နေရာရှိ ရေအိုင်ထဲကို ခုန်ချပြီး ပိုလာဝက်ဝံ တစ်ကောင်ဆီ ရေကူးသွားလို့ရိစ္ဆာန်ရုံးကြီး မှာ လာရောက်လည်ပတ်သူတွေ စိုးရိမ်တကြီးနဲ့ ရင်သပ်တမော ကြည့်ရှု့ ခဲ့ကြရတယ်လို့ အခင်းဖြစ်ပွားရာမှာရောက်ရှိနေကြတဲ့ မျက်မြင် သက်သေတွေက ဆိုပါတယ်။

သူမဟာ အင်မတန်မှ အန္တရာယ်ကြီးလှ တဲ့ ပိုလာဝက်ဝံတွေဆီထံ ဘာကြောင့် ခုန်ချလိုက်တာကိုတော့ အတိအကျ မသိရသေးဘူး လို့ဆိုတယ်။ သူမ ခုန်ချသွားပြီးနောက် ပိုလာဝက်ဝံကြီး လေးကောင် ဟာ သူမထံချည်းကပ်ပြီး လက်မောင်းတွေ၊ခြေထောက် နှင့် ပေါင် တွေကို စုတ်ပြတ်သွားအောင် ကုတ်ဖဲ့ကိုက်ဆွဲကြတော့တယ်။ တရိစ္ဆာန်တွေကို ထိမ်းသိမ်း စောင့်ရှောက် နေတဲ့ ၀န်ထမ်းတွေက အလျင်အမြန်လာရောက် ကယ်တင်ခဲ့ကြလို့ သာ သူမ အသက်ချမ်းသာရာ ရသွားခဲ့တယ်။ လွန်ခဲ့တဲ့ ဒီဇင်ဘာလတုန်း ကလည်း အမျိုးသားတစ်ယောက် ခုန်ချခဲ့တုန်းက တရိစ္ဆာန်တွေကို ထိမ်းသိမ်း စောင့်ရှောက်နေတဲ့ တရိစ္ဆာန်ရုံဝန်ထမ်းတွေက ၀က်ဝံကြီးတွေ ကို အမဲသားတွေ ပစ်ချပြီး ဖျားယောင် ကျွေးမွေးခဲ့ကြလို့ အသက်ချမ်းသာရာရသွား ခဲ့ဘူးပါသေးတယ်။ အခင်းဖြစ်ပွားမှု ကို သွားရောက်စစ်ဆေးကြည့်ရှု့ခဲ့ကြတဲ့ ဂျာမန်ရဲအရာရှိတွေ က တော့ အမျိုးသမီးဟာ သေလုမျော်ပါး ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားခဲ့ပြီး၊ ဆေးရုံမှာ အရေးပေါ် ဆေးဝါးကုသနေရတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

No comments: