Saturday, April 11, 2009

ထိုင်းဆန္ဒပြသမားတွေ အာဆီယံထိပ်သီးစည်းဝေးပွဲ လုံခြုံရေးလိုင်း ကျော်လွန်ဝင်ရောက်

အာဆီယံထိပ်သီးညီလာခံကျင်းပရာ ထိုင်းနိုင်ငံ ပတ္တယား ကမ်းခြေကို အစိုးရဆန့်ကျင် ဆန္ဒပြသူတွေ ဒီကနေ့ ချီတက်ခဲ့ကြပြီး ၀န်ကြီးချုပ် အဘီဆစ် နုတ်ထွက်ပေးရေး တောင်းဆိုခဲ့ကြပါတယ်။ အာဆီယံ ထိပ်သီးညီလာခံကျင်းပမယ့် နေရာရဲ့ အ၀င်ပေါက်မှာ အင်္ကျီနီဝတ်ဆန္ဒပြသူတွေက အဓိကရုဏ်းထိန်းရဲတွေကို
ဝင်ရောက်ပြီး ကျော်ဖြတ်ခဲ့ကြပါတယ်။

ဝန်ကြီးချုပ် အဘီဆစ်ဝိုက်ချာချီဝ နုတ်ထွက်ပေးရေး ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြတယ် လို့ သိရပါတယ်။


ဆန္ဒပြသူတွေက သူတို့တွေ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆန္ဒပြမှာဖြစ်ကြောင်း၊ မစ္စတာ အဘီဆစ်အစိုးရဟာ ထိုင်းလူထုရဲ့ ထောက်ခံမှုကို မရတဲ့ အစိုးရဖြစ်တယ် ဆိုတာကို အာဆီယံထိပ်သီးခေါင်းဆောင်တွေနဲ့ ကျန် အာရှခေါင်းဆောင်တွေကို ပြသလိုတဲ့ဆန္ဒကို ထုတ်ဖော်လိုကြတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အခုလောလောဆယ်မှာတော့ ဆန္ဒပြတာတွေကို ယာယီရပ်နားထားဖို့ သဘောတူ ခဲ့ကြပါတယ်။ သက်တမ်းလေးလပဲ ရှိသေးတဲ့ ၀န်ကြီးချုပ် အဘီဆစ်ဝိုက်ချာချီဝ အစိုးရကို ဖြုတ်ချရေးအတွက် ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း တက်ဆင်ချီန၀ဒ် ကို ထောက်ခံသူတွေက ဆန္ဒပြတောင်းဆိုနေကြတာ ဖြစ်ပါတယ်။

သတင်း-VOA

No comments: