Tuesday, April 28, 2009

အရေးကြီးသော သတင်းအချက်အလက်များ နေစိုးမြဆီ မှ တစ်ဆင့်စစ်အစိုးရ ရရှိသွားခြင်းသည် ဒီမိုကရေစီ အင်အားစုများအတွက် စိုးရိမ်ဖွယ်ရာဖြစ်

စောဖိုးစီ ကလောင်အမည်ဖြင့် သတင်းစာတွင် ရေးသားနေမှုများ
မကြာသေးခင် က ထော့ကော် ကိုး ရှိ ကရင်ငြိမ်းချမ်းရေး ကောင်စီ နှင့် သွားရောက် ပူးပေါင်းခဲ့သောဗိုလ်ချူပ်မြ၏ သားဖြစ်သူ စောနေ စိုးမြ ဆီမှ ရရှိသော သတင်းအချက် အလက်များကို အခြေခံပြီးသတင်းစာ များတွင် စောဖိုးစီ ဆိုသော ကလောင် အမည်ခံထားသည့် ပုဂ္ဂိုလ် တစ်ဦးက နယ်စပ်အခြေအနေ များကို ရေးသားနေ ခြင်းသည် ဒီမိုကရေစီ အင်အားစုများအတွက် စိုးရိမ်ဖွယ်ရာဖြစ်သည် ဟု ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက် သော တိုင်းရင်းသား အဖွဲ့ အစည်းတစ်ခု မှ ခေါင်းဆောင် တစ်ဦး Freedom News Group သို့ ပြောသည်။

နေစိုးမြ တို့ အုပ်စု ဘက်ပြောင်းသွားပြီးကတည်းက စစ်အစိုးရ တပ်များမှ KNU တပ်မဟာ ၆နယ်မြေတွင်းသို့  တရပ်စပ် ထိုးစစ်ဆင်လာ နိုင်ခြင်းဖြစ်သည် ဟု မဲဆောက် အခြေစိုက် အတိုက်အခံအများစုက ယုံကြည်နေ ကြသည်။

နေစိုးမြသည် KNU/KNLA ၏ အရေးကြီးနေ ရာ ဌာန များအပြင် ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အတိုက်အခံ အဖွဲ့ အစည်းများ၏ နေရာ ဌာန များစွာကို သိသော သူ တစ်ယောက် ဖြစ်သောကြောင့်နေစိုးမြ ဆီမှ သတင်းအချက်အလက်များ စစ်အစိုး ရ ရရှိသွားလျှင် ဒီိမို ကရေစီ အင်အားစု များအတွက်စိုးရိမ် ဖွယ်ရာ ဖြစ်သည် ဟု နယ်စပ်အခြေစိုက် အဖွဲ့ အစည်းများတွင် ပြောဆိုနေကြသည်။

စစ်အစိုးရ ထိန်းချုပ် ထားသောမီဒီယာများမှ တစ်ဆင့် စောနေစိုးမြ ဘက်ပြောင်းသွားမှု သတင်းကို နေ့ စဉ် ၀ါဒဖြန့် ထုတ်လွှင့် လျှက်ရှိသည်။

Freedom News Group မှကူးယူဖော်ပြသည်-

No comments: