ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ ၊မယ်တော်ဆေးခန်းတွင် န၀မအကြိမ်မြောက်သက်ကြီး ပူဇော်ပွဲအခမ်းအနားကို အသက်၆၀ကျော်ဘိုးဘွား(၂၅၀)ခန့်ဖြင့် ယနေ့ကျင်းပခဲ့ပါသည်။
အခမ်းအနားကို ဆရာမဒေါက်တာစင်သီတာမောင်နှင့် မယ်တော်ဆေးခန်းမိသားစုဝင်များ၊ မြန်မာ့ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ များနှင့် လူထုအခြေပြုအဖွဲအစည်းများက စုပေါင်းကျင်းပလာခဲ့ကြသည်မှာ ယခုအခါ(၉)ကြိမ်တိုင်တိုင်ရှိခဲ့ပြီဖြစ်သည်။ မယ်တော် ကျေးရွာမှ ထိုင်းလူမျိုးဘိုးဘွားအချို့၊ ဒေသခံမြူနှီစီပါယ်လူကြီး၊ ကျေးရွာလူကြီးများကပါ
နားလည်မှုရှိရှိဖြင့် အသိအမှတ်ပြုတက်ရောက်လာပုံ၊ ဒေါက်တာစင်သီတာမောင်၊ ဦးစွမ်းမြိုင်၊ ဆရာမန်းရွှေနှင်း၊ ဆရာမဒေါ်စန္ဒာဝင်းတို့ အပြင် ဘိုးဘွားအချို့ မှ ဆုပေးစကားချီးမြှင့်ခြင်း၊ နံ့သာရည်ပက်ဖျန်းခြင်း၊ ကန်တော့ပစ္စည်းများပေးအပ်ကန်တော့ကြခြင်း၊ ဘိုးဘွားများကို ကြိုဆိုလာကြခြင်းစသည့်တို့ကို ရိုက်ကူးထားသည့် ဓာတ်ပုံမှတ်တမ်းများဖြစ်ပါသည်။

်
(၁၆-၄-၀၉) သင်္ကြန်အတက်နေ့က သီးလေးသီးအဖွဲ့သားများ၏ မဲဆောက်မြို့ သင်္ကြန်ဇာဏီမဏ္ဍပ်၌ ဖျော်ဖြေတင်ဆက်မှု
No comments:
Post a Comment