Thursday, April 23, 2009

အာဆီယံ ထိပ်သီးအစည်းအဝေး ဇွန်လတွင် ကျင်းပနိုင်ဖွယ်ရှိ ခြင်းနှင့် အနီဝတ် ခေါင်းဆောင် ဂျာကရာပေါဒ်

နိုင်ငံရေး မငြိမ်မသက်မှုများ ကြောင့် ရက်ရွှေ့ဆိုင်းလိုက်ရ သော အာဆီယံထိပ်သီး အစည်းအဝေးကို လာမည့် ဇွန်လအတွင်း ပြန်လည်ကျင်းပ သွားနိုင်ရန် မျှော်လင့်ထား ကြောင်း ထိုင်းနိုင်ငံအစိုးရက ထုတ်ဖော် ကြေညာလိုက် သည်။

ဧပြီလ (၂၁)ရက်နေ့က ထိုင်း ၀န်ကြီးချုပ် အဘီဆစ် ဗီဂျာဂျီဗာက အာဆီယံနှင့် အခြား ဆက်နွယ်နေသော အစည်းအဝေးများ အားလုံး ဇွန်လအတွင်း ပြန်လည် ကျင်းပရန် အစိုးရအနေနှင့် ရည်မှန်းချက် ထားရှိကြောင်း ထိုင်း သတင်းထောက် များအား ပြောကြားခဲ့သည်။

Bangkok Post သတင်းဌာန၏ ဖော်ပြချက်အရ အဘီဆစ်သည် တပါတ်ကြာ ကက်ဘိနက် အစည်းအဝေး ထိုင်ကာ ထိပ်သီးများ တွေ့ဆုံမှုကို ဘန်ကောက်မြို့တော် နှင့် ဖူးခက်မြို့များ အနက် မည်သည့်နေရာတွင် ပြုလုပ်မည်ကို ညှိနှိုင်းသွားမည် ဖြစ်သည်။

ဇွန်လအတွင်း သက်ဆိုင်ရာ နိုင်ငံများ၏ ခေါင်းဆောင်များ အနေနှင့် မည်သို့သော တာဝန်များကို ထမ်းဆောင်နေရမည် ဆိုသည့် အချက်နှင့် အစည်းဝေးပွဲသို့ တက်ရောက်နိုင်ခြင်း ရှိမရှိစသော အချက်များကိုလည်း ထည့်သွင်း စဉ်းစားသွားမည်ဟု Bangkok Post သတင်းစာတွင် ဖော်ပြထားသည်။

အဘီဆစ် က ဇွန်လတွင် တို့လို့တန်းလန်း အာဆီယံ အစည်း အဝေးကို ပြန်လုပ်မည်ဟုပြော မြေအောက် ဆင်းသွားသည့် အနီဝတ် ခေါင်းဆောင် ဂျာကရာပေါဒ် က လက်စမသတ်ရသေးသော တော်လှန်ရေးကို ပြန်စမည် ဟုဆို

အက်ဒမန်ပင်လယ်ပြင် ကြီးကိုမေးတင်လျှက်ရှိသော ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေအပန်းဖြေ စခန်းမြို့ တွင် ဇွန်လသို့ ရွှေ့ဆိုင်းခဲ့သော အာဆီယံအစည်းအဝေးကြီး ပြန်စမည်ဟု ထိုင်းဝန်ကြီးချုပ် အဘီဆစ် က ယနေ့ သတင်းထောက်များကို ပြောသည်။

ဧပြီလ ၁၁ ရက် နေ့ က အာဆီယံ ထိပ်သီး အစည်းအဝေးကို ထိုင်းနိုင်ငံ ပတ္တယား တွင် ကျင်းပနေစဉ်UDD ဟုခေါ်သည့် အာဏာရှင် ဆန့် ကျင်ရေး ဒီမိုကရေစီ တပ်ဦး နှင့် ထိပ်တိုက် တွေ့ ပြီး ဆွေးနွေးပွဲကို အရေးပေါ်ဖျက် သိမ်းခဲ့ရသည်။

အဘိဆစ် က လာမည့် ဖူးခက် ဆွေးနွေးပွဲတွင် မိတ်ဆွေ နိုင်ငံ များမှ ဧည့်သည်တော် များ၏ လုံခြုံရေးအတွက် အာမခံပါသည် ဟု ထပ်လောင်းပြောသည်။

ဘန်ကောက် တွင် ကသောင်းကနင်းဖြစ်ပြီး အရေးပေါ်အခြေအနေ ထုတ်ကတည်းက မြေအောက်ဆင်းပြီးတော်လှန်ရေး ကို ဆက်လက် ဦးဆောင် နေသော ထင်ရှားသည့် အနီဝတ် ခေါင်းဆောင်ဂျာကရာ ပေါဒ် ကလည်း လာမည့် ရက်အနည်းငယ် အတွင်း အစိုးရ ဆန့် ကျင်ရေး ဆန္ဒပြပွဲ များပြန်လည် ပေါ်ထွက်လာတော့ မည်ဟု ဆိုသည်။

အာဆီယံ ဆွေးနွေးပွဲ ကို စီးနင်းရန် အမိန့် ပေးခဲ့သူ
UDD ခေါင်းဆောင် ဂျာကရာပေါဒ်
(AP Photo/Apichart Weerawong)

ဂျာကရာပေါဒ် သည် တိမ်းရှောင်နေစဉ်အတွင်း မီဒီယာများနှင့် တယ်လီဖုန်း အင်တာဗျူးများပြုလုပ်ကာ ဆန္ဒပြမှု များတကျော့ ပြန် ပေါ်ပေါက်ရေးအတွက် လှုံဆော်သည်။

UDD ခေါင်းဆောင် ဂျာကရာ ပေါဒ် သည် ဘေးကင်းလုံ ခြုံ ရာတွင် နေရပြီး သူ့ လုံခြုံရေး အတွက် ဘယ်လောက် ကြာကြာနေ ရအုံးမည် မသိ ဟု အင် တာဗျူးတစ် ခုတွင် ပြောသည်။

ထင်ရှားသော UDD ခေါင်းဆောင် အချို့ မှာ ဖမ်းဆီးထိန်းသိမ်းခံထားရသည်။ဂျာကရာ ပေါဒ် သည်ဒူဘိုင်းတွင် နေသော ၀န်ကြီးချုပ် ဟောင်းသက်ဆင် နှင့် အဆက်အသွယ်ရှိသည်။ ဂျာကရာ ပေါဒ် ကအင်တာဗျူးတစ် ခု တွင် PAD ခေါင်းဆောင် ဆွန်ထိ လင်သောင်ကူးလုပ်ကြံခံရခြင်းသည် စစ်တပ် ကို အ၀ါ ၀တ် များ နှင့် ဝေးဝေး နေရန် အချက်ပြလိုက်ခြင်းဖြစ်သည် ဟုသူက ဆိုသည်။

ဂျာကရာ ပေါဒ် သည် သက်ဆင်အစိုးရ လက်ထက် ပြောခွင့်ရ ပုဂ္ဂိုလ်ဖြစ်သည်။

ထိုင်းနိုင်ငံ အတွင်းရှိ ခရိုင်ငါးခု တွင် ထုတ်ပြန်ထားသော အရေးပေါ် အခြေအနေ များကို အဘီဆစ် ကပြန်လည် ရုပ်သိမ်းခြင်း မရှိသေးချေ။

သတင်း-လူထုအသံ/freedom news

No comments: