ကုလသမဂ္ဂဆိုင်ရ မြန်မာနိုင်ငံ သံအမတ်ဖြစ် ယခင် ဗိုလ်မှူးကြီးဟောင်း တဦးဖြစ်သူ ဦးသန်းဆွေကို နအဖ စစ်အစိုးရမှ ခန့်အပ်လိုက်ကြောင်း သတင်းရရှိပါသည်။
ဦးသန်းဆွေမှ သူ့အား နအဖ စစ်အစိုးရမှ သံအမတ်ခန့်အပ်လွှာကို ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် ဘန်ကီးမွန်းထံ ယမန်နေ့က ပေးအပ်ခဲ့ပါသည်။
ဦးသန်းဆွေသည် ယခင်က နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနတွင် ဒုတိယ ညွန်ကြားရေးမှူး အဖြစ်ဆောင်ရွက်ခဲ့ပြီး နိုင်ငံကတာ အတွေ့အကြုံ နုနယ်သူ တဦးဖြစ်သည်ဟု သိရသည်။
ဦးသန်းဆွေသည် နယူးယောက်မြို့ ကုလသမဂ္ဂရုံးတွင် မြန်မာနိုင်ငံဆိုင်ရာ ဒုတိယ အမြဲတန်း ကိုယ်စားလှယ် အဖြစ် ယခုရာထူးကို လက်မခံမှီ ဆောင်ရွက်ခဲ့သည်။
သတင်း-ကျော်ဆွေ

No comments:
Post a Comment