Tuesday, April 14, 2009

နန့်ဇိုယာဖန်း၏ ကိုယ်တိုင်ရေးစာအုပ် မကြာမှီထွက်မည်


လွန်ခဲ့သည့် ၂၀၀၈ခုနှစ် လုပ်ကြံမှုကြောင့် ကျဆုံးသွားခဲ့ သည့် ပဒိုမန်းရှာလားဖန်း၏ သမီးတဦးဖြစ်သူ နန့်ဇိုယာ ဖန်းက ၄င်း၏ ဖြတ်သန်းမှု အတွေ့အကြုံများကို ကိုယ်တိုင် ရေးသားဖော်ပြထားသည့် စာအုပ်တအုပ် မကြာမှီထုတ်ဝေ ဖြန့်ချိတော့မည် ဖြစ်သည်။

သူမ၏ ၂၈နှစ်တာ ဘ၀ဖြတ်သန်းမှုကို ချယ်မှုန်းရေးသား ထားသည့် အဆိုပါစာအုပ်ကို Burma Campaign UK က ထုတ်ဝေခြင်းဖြစ်ပြီး လာမည့် ဧပြီလ ၂၀ ရက်နေ့တွင် တကမ္ဘာလုံးကို ဖြန့်ချိတော့မည် ဖြစ်သည်ဟု သိရသည်။

ယခုအခါသူမသည် အင်္ဂလန်နိုင်ငံတွင် နေထိုင်ပြီး Burma Campaign UKတွင် မြန်မာ့ဒီမိုကရေစီအရေး တိုင်းရင်း သားအရေးတို့ကို တက်တက်ကြွကြွနှင့် ဦးဆောင်ပါဝင် လှုပ်ရှားနေသူ တဦးဖြစ်သည်။


နှစ်၆၀ပြည့် ကရင့်တော်လှန်ရေးနေ့တွင် တွေ့မြင်ရသည့် နန့်ဇိုယာဖန်းနှင့် သူမရဲ့အစ်ကိုကြီး စောစေးစေး


သတင်း-အဲခေါင်သောင့်

No comments: