မြန်မာစစ်တပ်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ အခြေခံစခန်း တခုဖြစ်သော ဝေါလေခီး စခန်းကို သိမ်းပိုက်လိုက်ပြီ ဖြစ်သည်။ဧပြီလ ၁၂ ရက်နေ့ကတဲက ဝိုင်းဝန်းတိုက်ခိုက်၍ အဝိုင်းခံထားရသော KNLA ၏ တပ်မဟာ ၆ တပ်ရင်း ၂ဝ၁ ၏ စခန်းကို တိုက်ပွဲဝင်နေသော ကရင်အမျိုးသား အစည်းအရုံး၏ တပ်က စွန့်လွှတ်လိုက်ရသည်၊
နအဖ နှင့် ယင်း၏ မဟာမိတ်အဖွဲ့ဖြစ်သော ဒီမိုကရက်တစ် ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) ပူးပေါင်း အင်အားများသည် ယနေ့ညနေ ၅ နာရီအချိန်က အရေးပါသော ဤစခန်းအတွင်း ဝင်ရောက်လာနိုင်ခဲ့ကြပြီး စခန်းကို ထိန်းချုပ်ထားနိုင်ရန် ကြိုးပန်းလျက် ရှိသည်။
သတင်း-ဟင်နရီ
No comments:
Post a Comment