
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ကို တ ရားစွဲဆိုဖို့ မြန်မာစစ်အစိုးရက ပြင်ဆင်နေတယ်လို့ NLD က အတည်ပြု ပြောကြားပါတယ်။ အရင်အပတ်က အင်းလျား ကန်ကို ဖြတ်ကူးပြီး သူ့အိမ်ကို ၀င်ရောက်လာတဲ့ အမေရိကန်လူမျိုး John William Yettaw နဲ့ ပတ်သက်ပြီး သူ့ကို တရားစွဲဆိုမှာလို့ ယူဆ ရပါတယ်။
အာဏာပိုင်တွေက သူနဲ့အတူနေထိုင်သူ အမျိုးသမီးနှစ်ယောက်ကိုပါ ဒီကနေ့မနက် အင်းစိန်ထောင်ကို ခေါ် သွားပြီး တရားစွဲဆိုမှာဖြစ်တယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ ညနေက ရှေ့နေကြီးဦးကြည်ဝင်းကို အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေးတွေ့ပြီး ဒေါ်အောင် ဆန်းစုကြည်ကို အရေးယူမယ့်အကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဘာအမှုနဲ့ အရေးယူမယ်ဆိုတာကိုတော့ တိတိကျကျ မပြောပေမယ့် နိုင်ငံတော် အား နှောက်ယှက်ဖျက်ဆီးမှုများ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပေဒချိုးဖောက်မှုနဲ့ တရားစွဲဆိုမယ်လို့ ယူ ဆရကြောင်း ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။
(ဘီဘီစီ၊ မေ ၁၃)
No comments:
Post a Comment