ဟောင်ကောင်မြို့ရှိ လူစည်ကားရာ ဈေးလမ်းမ ပေါ်တွင် ယမန်နေ့က အက်ဆစ် ရည်ဖြင့် လောင်းချ ခံရမှုကြောင့် လူ ၃၀ ဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ Mongkok ခရိုင် Saiyeung choi လမ်းမကြီး ဘေးရှိ လူအုပ်ကြီး ပေါ်သို့ အက်ဆစ်ရည် နှစ်ပုလင်းဖြင့် လောင်းချ ခဲ့သော ယင်းဖြစ်ရပ်ကြောင့် ဒဏ်ရာ ရရှိသူများ၌ လူငယ်လူရွယ် အများစု ပါဝင်ကြပြီး မျက်နှာ ခြေ လက် စသည့် ကိုယ်အင်္ဂါ အစိတ်အပိုင်း များနှင့် ပခုံးတို့တွင် ပူလောင် ဒဏ်ရာများ ဖြစ်ပေါ် ခံစားရ သဖြင့် ဆေးရုံသို့ တင်ပို့ ကုသ ထားရသည်။ ရာဇ၀တ်မှု ကျူးလွန်သူအား အလျှင်အမြန် ဖမ်းဆီး ရမိနိုင်ရန် ရဲတပ်ဖွဲ့က ကြိုးပမ်း လျက်ရှိသည်။ ဟောင်ကောင်တွင် အက်ဆစ်ရည်ဖြင့် လောင်းချသော အလားတူ ဖြစ်ရပ်မျိုး ၂၀၀၈ ခုနှစ် ဒီဇင်ဘာလက ဖြစ်ပွားခဲ့ရာ လမ်းမပေါ်ရှိ လူ ၄၆ ဦး ဒဏ်ရာ ရရှိခဲ့သည်။(အေအက်ဖ်ပီ)Tuesday, May 19, 2009
ဟောင်ကောင်တွင် အက်ဆစ် ရည်ဖြင့် လောင်းချ ခံရ၍ လူ ၃၀ ဒဏ်ရာရ
ဟောင်ကောင်မြို့ရှိ လူစည်ကားရာ ဈေးလမ်းမ ပေါ်တွင် ယမန်နေ့က အက်ဆစ် ရည်ဖြင့် လောင်းချ ခံရမှုကြောင့် လူ ၃၀ ဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ Mongkok ခရိုင် Saiyeung choi လမ်းမကြီး ဘေးရှိ လူအုပ်ကြီး ပေါ်သို့ အက်ဆစ်ရည် နှစ်ပုလင်းဖြင့် လောင်းချ ခဲ့သော ယင်းဖြစ်ရပ်ကြောင့် ဒဏ်ရာ ရရှိသူများ၌ လူငယ်လူရွယ် အများစု ပါဝင်ကြပြီး မျက်နှာ ခြေ လက် စသည့် ကိုယ်အင်္ဂါ အစိတ်အပိုင်း များနှင့် ပခုံးတို့တွင် ပူလောင် ဒဏ်ရာများ ဖြစ်ပေါ် ခံစားရ သဖြင့် ဆေးရုံသို့ တင်ပို့ ကုသ ထားရသည်။ ရာဇ၀တ်မှု ကျူးလွန်သူအား အလျှင်အမြန် ဖမ်းဆီး ရမိနိုင်ရန် ရဲတပ်ဖွဲ့က ကြိုးပမ်း လျက်ရှိသည်။ ဟောင်ကောင်တွင် အက်ဆစ်ရည်ဖြင့် လောင်းချသော အလားတူ ဖြစ်ရပ်မျိုး ၂၀၀၈ ခုနှစ် ဒီဇင်ဘာလက ဖြစ်ပွားခဲ့ရာ လမ်းမပေါ်ရှိ လူ ၄၆ ဦး ဒဏ်ရာ ရရှိခဲ့သည်။(အေအက်ဖ်ပီ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment