Thursday, May 21, 2009

မြန်မာဒါရိုက်တာ တစ်ဦး အကြောင်းကို စာတမ်း လာပြုစုတဲ့ ကိုရီးယားမလေး

ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ နေထိုင်ပြီး Sogang တက္ကသိုလ်မှာ တက်ရောက်ပြီး မာစတာဘွဲ့ ယူဖို့ အတွက် စာတမ်း တစ်စောင်ကို မြန်မာ ဒါရိုက်တာ တစ်ဦး အကြောင်းပြုစု တင်ပြဖို့ရာ အတွက် ပြင်ဆင်သူ ကိုရီးယားမလေး မြတ်သန္တာအောင်လို့ ခေါ်တဲ့ Jang, Bo-rom ဟာ မြန်မာပြည်ကို ရောက်ရှိလာပြီး ဒါရိုက်တာ စင်ရော်မောင်မောင် အကြောင်း စာတမ်း ပြုစုခဲ့ပါတယ်။ ဒါရိုက်တာ စင်ရော်မောင်မောင်ဟာ မြန်မာပြည်မှာ ထူးခြားတဲ့ ဒါရိုက်တာ တစ်ဦးအဖြစ် အသိအမှတ်ပြုတဲ့ အတွက် စာတမ်း ပြုစုရခြင်း ဖြစ်တယ်လို့ ကိုရီးယားမလေးက ဆိုပါတယ်။ မြတ်သန္တာအောင်ဟာ မြန်မာပြည်မှာ တစ်နှစ်ကျော် နေထိုင် ခဲ့ဖူးသလို မြန်မာပြည်ကို ခဏခဏ လာရောက် လည်ပတ်ဖူးသူ ဖြစ်ပြီး နိုင်ငံခြားဘာသာသင် တက္ကသိုလ်မှာ မြန်မာဘာသာ အဓိက ယူခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ စင်ရော်မောင်မောင်ဟာ သူ့ရဲ့ ကိုယ်ရေးမှတ်တမ်းကို အတိအကျ လုပ်ဆောင် ထားနိုင်သူ တစ်ဦး ဖြစ်လို့လည်း အခုလို စာတမ်းပြုစု ဖြစ်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ မြတ်သန္တာအောင်ရဲ့ စာတမ်းဟာ ကိုရီးယားမှာ ပြုစုတဲ့ မြန်မာဒါရိုက်တာ တစ်ဦးအကြောင်း ပထမဆုံး စာတမ်း ဖြစ်လာလိမ့်မယ် လို့လည်း မြတ်သန္တာအောင်က ဆိုပါတယ်။ မြတ်သန္တာအောင်ရဲ့ စာတမ်း ဖြစ်မြောက်ရေး အတွက် ဒါရိုက်တာ စင်ရော်မောင်မောင် ကလည်း အစအဆုံး အကူအညီ ပေးခဲ့ခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။
http://www.snapshot-news.com

No comments: