Thursday, May 21, 2009

ဂျပန်တွင် H1N1 ဗိုင်းရပ်စ် ကူးစက် ခံရသူ ၁၂၁ ဦးသို့ မြင့်တက်


ဂျပန်တွင် တနင်္လာနေ့က လူ ၂၅ ဦးတွင် H1N1 ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့ကြောင်း ထပ်မံ တွေ့ရှိ ရသဖြင့် အဆိုပါ ရောဂါပိုး ကူးစက် ခံထား ရသူ အရေအတွက်သည် ၁၂၁ ဦးသို့ မြင့်တက် ခဲ့ကြောင်း တာဝန်ရှိ သူများက အတည်ပြု ထုတ်ပြန်သည်။ H1N1 ဗိုင်းရပ်စ် ကူးစက်ခြင်း ခံရသည့် အဆိုပါ လူ ၂၅ ဦးကို ဂျပန် အနောက်ဘက်ပိုင်း ကိုဘေးမြို့တွင် တွေ့ရှိခြင်း ဖြစ်သည်။ တဆက်တည်း မှာပင် ကိုဘေးမြို့ရှိ ဘဏ် ၀န်ထမ်း အမျိုးသမီး တစ်ဦး၌ H1N1 ဗိုင်းရပ်စ် ကူးစက် ခံထား ရကြောင်း စစ်ဆေး တွေ့ရှိ ရသည်ဟု မစ်ဆူ ဘီရှီ UFJ ဘဏ္ဍာရေး အုပ်စုက တနင်္လာ နေ့တွင် ထုတ်ဖော် ပြောဆိုခဲ့ပြီး အခင်းဖြစ်ရာ Sannomiya ရုံးခွဲရှိ သာမန် ၀န်ထမ်း ၇၀ ဦးကို မိမိ အိမ်တွင် နေထိုင် ကြရန် ညွှန်ကြား ထားသည်။ (စီအန်အေ)

No comments: