တာချီလိတ်တွင် စိတ်ကြွဆေး ၃ သန်းနီးပါး ဖမ်းမိ Click
မနိုဘယ်အေး တိုက်ပိတ်ခံရ Click
ဘက်ပြောင်း ကရင်တပ်မတော် ဗိုလ်ကြီးဟောင်း ခြုံခို တိုက်ခိုက်ခံရ၍ သေဆုံး Click
ဘုရားသုံးဆူမြို့ အနီး နအဖစစ်ကြောင်း မိုင်းထိခိုက် သေကြေဒဏ်ရာများရရှိ Click
ထိုင်းနိုင်ငံရှိ မြန်မာ အဖွဲ့အစည်းရုံးများ ဝင်ရောက် စီးနင်းခံရ Click
ပါတီရုံးများ ဖွင့်ခွင့်မရသော်လည်းအန်အယ်လ်ဒီ စည်းရုံးရေးဆင်း Click
မလေးရှားတွင် မြန်မာအလုပ်သမများ အဓမ္မပြုကျင့်ခံရ Click
စတစ်ကာကပ်ကားများ ရှောင်တခင်အရေးယူမှုပြုလုပ် Click
ရန်ကုန်မြို့လူထု ငါး၊ ပုစွန် ဈေးကြီးပေးဝယ်စားနေရ Click
မြန်မာရွှေ့ပြောင်း ကလေးငယ်များအတွက်ထိုင်းအစိုးရ အသိအမှတ်ပြု ကျောင်းဖွင့် Click
ကနေဒါနိုင်ငံ၏ အမြင့်ဆုံး ပညာသင်ဆု မြန်မာကျောင်းသား ရရှိ Click
ဧရာ ယူနီကုဒ် မြန်မာစာလုံးသစ် ထွက်ရှိလာ Click
အင်တာနက် လူမှုရေး စာမျက်နှာများ၏ နည်းပညာ တော်လှန်ရေး Click
အိန္ဒိယ အစိုးရပိုင်ကျောင်း မီး အထိတ်တလန့် ဖြစ်မှု ကလေးငယ်များ သေဆုံး
လျှပ်စစ်မီးလန့်ကာ ကျောင်းမှ ကျဉ်းကြပ်သော လှေခါးတွင် တိုးထွက်ရာ လူပိ၍ သေဆုံးရသော မိမိ၏ ခလေးငယ်အား တွေ့၍ ရင်ထုမနာ ချုံးပွဲချငိုနေသော မိဘတဦး
အိန္ဒိယနိုင်ငံ၊ နယူးဒေလီ မြို့တွင် ကျောင်းသားများ အထိတ် တလန့် ထွက်ပြေး မှုကြောင့် ကလေး(၅)ဦး လူပိ သေဆုံး ခဲ့ကြောင်း သိရှိရသည်။

ဒေလီမြို့ရှိ အစိုးရပိုင် ကျောင်းတခုတွင် လျှပ်စစ်စနစ် ချွတ်ယွင်းမှု ဖြစ်ပွားခဲ့ရာမှ ကလေးများ ထိတ်လန့်တကြား ထွက် ပြေးကြရာ ကျဉ်းကြပ်လှသော ကျောင်း လှေခါး အဆင်းတွင် လူပိမိပြီး သေဆုံး ခဲ့ကြခြင်း ဖြစ်သည်။
စက်တင်ဘာလ (၁၀)ရက်နေ့ နံနက်ပိုင်းက စာမေးပွဲ ကျင်းပ နေချိန်တွင် ဖြစ်ပွားခဲ့သော ရုတ်ရုတ်သည်းသည်း ဖြစ်ရပ်ကို ကျောင်းပြင်တွင် ကလေးများ စာမေးပွဲဖြေပြီး ပြန်အထွက်ကို စောင့်နေကြသည့် မိဘ များကလည်း မျက်ဝါးထင်ထင်ထို ဖြစ်ရပ်ဆိုးကို တွေ့မြင် ခဲ့ရသည်။
ဂုရုတက်ဂ်ျဗဟာဒူး ဆေးရုံမှ တာဝန်ရှိသူ တဦးက ထိုဖြစ်ရပ်များကြောင့် နောက်ထပ် လူ(၂၅)ဦး ဒဏ်ရာများ ရရှိကြောင်း အတည်ပြုခဲ့ပြီး၊ သေဆုံးသူ ကလေးများသည် မိန်းကလေး များချည်းဖြစ်ပြီး အသက်(၈)နှစ် မှ (၁၆)နှစ် အတွင်းသာ ရှိသေးကြောင်း ရဲတပ်ဖွဲ့က ထုတ်ဖော် ပြောဆိုခဲ့သည်။
အိန္ဒိယ အစိုးရကမူ လူသေဆုံးမှု ဖြစ်ပွားစေခဲ့ရာ ၀ရုန်းသုန်းကား ဖြစ်မှုအတွက် အသေးစိတ် စုံစမ်းမှုများ ပြုလုပ်ရန် ချက်ချင်း အမိန့်ထုတ် စုံစမ်းစေခဲ့ပြီ ဖြစ်သည်။
ဆီရာလီယွန်း စက်လှေနစ်မြုပ်မှု ကျောင်းသားအများစု ပျောက်ဆုံးနေ
ဆီရာလီယွန်း နိုင်ငံမှ စက်လှေတစင်း နစ်မြုပ်ပြီးနောက် ကျောင်းသား အများစု ပါဝင်သော လူ(၂၀၀)ကျော် ပျောက်ဆုံးနေကြောင်း သိရှိရသည်။
စက်တင်ဘာလ (၉)ရက် နေ့က ဖြစ်ပွားခဲ့သည့် မတော်တဆ မှုအတွင်း အတော်များများမှာ သေဆုံးကုန်ပြီဟု ယူဆရသော အနေအထားတွင် ရှိနေကြောင်း အာဏာပိုင်များက ဆိုသည်။
အားလပ်ရက် အပမ်းဖြေခရီးမှ ပြန်လာသော ကျောင်းသူ ကျောင်းသားများ လိုက်ပါလာသည့် သစ်သား စက်လှေသည် ပင်လယ်အတွင်း တိမ်းမှောက် နစ်မြုပ်ခဲ့ပြီး (၂၁၃)ဦး ပျောက်ဆုံး နေဆဲဖြစ်သည်။ နိုင်ငံ၏ ရေတပ်ဦးစီးမှူး မာအိုဆူမားက စက်တင်ဘာ (၁၃)ရက် နေ့ထိ ရှာဖွေရေး လုပ်ငန်းများကို ပြုလုပ်ရန် ညွှန်ကြား ထားသော်လည်း ပျောက်ဆုံး နေသူများအတွက် မျှော်လင့်ချက် နည်းပါးနေပြီဟု ၀န်ခံခဲ့သည်။
ယခု အချိန်အထိ အလောင်း (၁၆)လောင်းကို ဆယ်ယူ ရရှိထားနိုင်ပြီး (၃၉)ဦးကို ကမ်းခြေနှင့် အတော်ဝေးသည့် နေရာတွင် တွေ့ရှိ ကယ်တင်နိုင်ခဲ့သည်။ သို့သော်လည်း ကျန်သူများအတွက် အသက်ရှင်ရေးမှာ မျှော်လင့်ချက် အလွန်နည်းနေပြီဟု ဆူမားက ဆိုသည်။
ရှမ်ဂီ မှ တွမ်ဘိုသို့ ဦးတည် ခုတ်မောင်းစဉ် ရာသီဥတု အလွန်ဆိုးရွားပြီး လှိုင်းလေ ပြင်းထန်နေသဖြင့် ယခုလို ဖြစ်ရပ်ဆိုးနှင့် တိုးသွားခြင်းဟု တာဝန်ရှိသူ များက ယူဆ ထားသော်လည်း စက်လှေမှောက်ခြင်း အကြောင်းရင်းကို အတိအကျ မသိရသေးကြောင်း သတင်းရရှိသည်။
စစ်ပြီးခေတ်နောက်ပိုင်း အကြီးဆုံးကြေးခေါင်းလောင်း သွန်းလုပ်
မန္တလေးမြို့ တမ္ပ၀တီရပ်တွင် ၁၉၄၆ စစ်ပြီးခေတ်နောက်ပိုင်း အကြီးဆုံး သွန်းလုပ်ခြင်းဖြစ်သည့် ကြေးသွန်းခေါင်းလောင်း ကြီးကို ဆင်တဲတိုက် ကျွန်းကျောင်းရှေ့ တစ်ဧကခွဲ အကျယ် မြေပေါ်တွင် ကြေးသွန်းပညာရှင်ပေါင်း ၃၅၀ ခန့်ဖြင့် စက်တင်ဘာလ ၈ ရက် နေ့က သွန်းလောင်းခဲ့သည်။
အဆိုပါခေါင်းလောင်းကြီးကို ဆရာကြီးဦးဂိုအင်ကာ တည်ထားသည့် အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ အနောက် မြောက်ယွန်းယွန်း ရှစ်မိုင်ခန့်အကွာ ကျွန်းဆွယ်အငူပေါ်ရှိ ရွှေတိဂုံစေတီထက် ဉာဏ်တော် တစ်ပေသာနိမ့်ပြီး ပုံစံတူတည်ထားသည့် ကမ္ဘာ့ဝိပဿနာ လိုဏ်ဂူ စေတီတော်ကြီး၏ ရင်ပြင်တော်တွင် ထားရှိမည်ဖြစ်သည်။
ခေါင်းလောင်းကြီးသည် အမြင့် ၁၀ ပေ ၇ လက်မ၊ အ၀ ၇ ပေ ၄ လက်မ ရှိကာ ကြေးပိဿာချိန် ၁၀,၀၀၀ ကျော် ပါရှိပြီး ကျပ်သိန်း ၁,၆၅၀ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း တာဝန်ယူသွန်းလောင်းသည့် ကြေးသွန်းပညာရှင် ဦးလှအောင်က ဆိုသည်။
"ခေါင်းလောင်းကြီး ကြေးသွန်းဖို့ အနည်းဆုံး ပိဿာ ၂၀၀ ကနေ ၃၀၀ ထိဆံ့တဲ့ ဖို ၃၉ ဖိုကို မနက် ၁ နာရီ ကတည်းက ပြင်ဆင်ရတယ်။ တစ်ဖိုကို လူငါးဦးအထက်တာဝန်ယူရပြီး ပညာရှင်၊ လုပ်ငန်းကြီးကြပ်နဲ့ အကူ အားလုံး စုစုပေါင်း အင်အား ၃၅၀ ခန့်ရှိပါ တယ်။ စစ်ပြီးခေတ်နောက်ပိုင်း တမ္ပ၀တီမှာ အကြီးဆုံး ကြေးသွန်း ခေါင်းလောင်းလို့ ပြောနိုင်ပါတယ်" ဟု မြန်မာမှု ဗိသုကာပညာရှင် တမ္ပ၀တီ ဦးဝင်းမောင်က ရှင်းပြသည်။
"အစက ခေါင်းလောင်းကြီးကို အိန္ဒိယနိုင်ငံမှာပဲ ကြေးသွန်းဖို့ စီစဉ်ခဲ့ တယ်လို့ သိရပါတယ်။ ဒါပေမယ့် စေတီတော်ရဲ့ စတီးရွှေထီးတော်၊ တံခါး ပေါက်ကြီးတွေ၊ ဗုဒ္ဓ၀င်ပန်းချီကားတွေ၊ ပန်းချီကားပေါင်တွေ၊ ပုဂံခေတ် ၁၁ ရာစု ကနုတ်ပန်းပေါင်တွေ အားလုံး မြန်မာနိုင်ငံက ပညာရှင်တွေရဲ့ လက်ရာဖြစ်တော့ ဒီကြေးသွန်းခေါင်း လောင်းကြီးကိုလည်း မြန်မာနိုင်ငံက ကြေးသွန်းပညာရှင်တွေ အစအဆုံး ကိုယ်တိုင် ကိုယ်ကျ ရိုးရာနည်းနဲ့ မြန်မာပြည်မှာ လုပ်တယ်ဆိုတဲ့ဂုဏ်ကို လိုချင်လို့မှာယူတဲ့အတွက် အခုလို လုပ်ဖြစ် သွားတာပါ" ဟု တမ္ပ၀တီ ဦးဝင်းမောင်က မြန်မာတိုင်း(မ်)ကို ရှင်းလင်းပြောပြသည်။
တမ္ပ၀တီရပ်ရှိ ချည်ပါ၊ ထီးတန်း၊ ကြေးသွန်း၊ သာမိုး၊ ခတ်တန်းနှင့် ပန်းတဉ်းတန်းရှိ ကြေးသွန်းလုပ်ကိုင်သူ အားလုံးက ၎င်းတို့၏ ကြေးသွန်းပညာ ကိုဂုဏ်ယူစွာဖြင့် စုပေါင်းလာရောက် သွန်းလုပ်ဖြစ်ကြောင်း၊ ခေါင်းလောင်းကြီး သွန်းလုပ်ရန် ယခုနှစ် မေလက စတင်ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာ လကုန်တွင် အိန္ဒိယနိုင်ငံသို့ ပို့ဆောင် မည်ဖြစ်ကြောင်း သိရသည်။
မယ်စကြ၀ဠာတွေ ခွဲစိတ်ခန်းမှာ ထုတ်လုပ်နေခြင်းလား

မယ်စကြ၀ဠာပြိုင်ပွဲမှာ ဗင်နီဇွဲလား နိုင်ငံက သရဖူဆောင်း သွားတာဟာ နိုင်ငံကို ဂုဏ်တက်စေသလို အလှအပခွဲစိတ် ပြုပြင်မှုအပေါ် ဗင်နီဇွဲလားသူတို့ အားကိုး အားထားပြုခြင်း ကိုလည်း ပိုကျယ်ပြန့်လာစေပါတယ်။ ကိုယ်ခန္ဓာပိုင်းလှပအောင် ခွဲစိတ်ပြုပြင်တာမျိုးဟာ လက်တင် အမေရိကနိုင်ငံတွေမှာ သိပ်အထူးအဆန်းတော့မဟုတ်ပါဘူး။ ပြည်ပခရီးသွားတွေတောင်မှ အလည်လာရင်း တစ်ခါတည်း ဈေးပေါပေါနဲ့ ခွဲစိတ်ပြုပြင်သွားတာမျိုးတောင် ရှိလာပါပြီ။ "ကိုလံဘီယာ၊ အမေရိကန်ပြည်ထောင်စု၊ အီကွေးဒေါနဲ့ ကာရစ်ဘီယံ ကျွန်းဆွယ်လို နိုင်ငံတွေကနေလာတဲ့ လူနာတွေက ခွဲစိတ်ပြုပြင်ပြီးတော့ ရက်အနည်းငယ်လောက် ဒီမှာပဲ အပန်းဖြေအနားယူပြီးမှ ပြန်သွားတာ" လို့ အလှအပ ဆိုင်ရာ ဆီလီကွန်အစားထိုးပစ္စည်းတွေရောင်းချတဲ့ ပြင်သစ် ကုမ္ပဏီခွဲကအကြီးအကဲ ရိုစီက ရှင်းပြပါတယ်။ သက်တမ်း ၅၉ နှစ်ကြာပြီဖြစ်တဲ့ မယ်စကြ၀ဠာပြိုင်ပွဲမှာ ဗင်နီဇွဲလား နိုင်ငံက ခြောက်ကြိမ်တိုင်တိုင် သရဖူဆောင်း ခဲ့ပြီး ဖြစ်ပါတယ်။ အခုလို တစ်နိုင်ငံတည်းကပဲ သရဖူဆက်တိုက် ဆွတ်ခူးခဲ့တာတော့ ဗင်နီဇွဲလားက ပထမဆုံးပါ။ ၂၀၀၈ ဗင်နီဇွဲလားမယ်စကြ၀ဠာ ဒါရာနာ မန်ဒိုဇာကနေ လက်ရှိဗင်နီဇွဲလားမယ် စတီဖနီ ဖာနန်ဒက်ဇ်ဆီကို သရဖူလွှဲပြောင်းပေးလိုက်တာဟာ အစကတည်းက ကြီးထွားနေတဲ့ အလှအပခွဲစိတ် ပြုပြင်ရေး လုပ်ငန်းကြီး ကို အားကောင်းအောင် လှုံ့ဆော်ပေးသလိုပါပဲ။ အလှမယ်ရွေးပွဲမှာ သဘာဝကျတာထက် လှတာက အဓိကလို့ သတ်မှတ်လာကြတယ်။ ခွဲစိတ်ဆရာဝန်တွေကတော့ လက်ရှိအလှမယ် ဖာနန်ဒက်ဇ် ဟာ ခွဲစိတ်ပြုပြင်ထားတယ်ဆိုတာ သိပြီးသားပါ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကမှ ရင်သား ခွဲစိတ်ပြုပြင်ထားတဲ့ ၂၇ နှစ်အရွယ် ကာရာကတ်စ်မြို့သူ ဗင်နီဇာ ဗရစ်တိုက ဒီလိုပြုပြင်တာတွေဟာ အမျိုးသမီး အတန်းအစားမရွေး လုပ်နေကြတာလို့ ပြောပါတယ်။ "ဗင်နီဇွဲလားမှာ လူမှုရေးပိုင်း တွန်းအား တစ်ရပ်ရှိတယ်လို့ ထင်ပါတယ်။ အလှပြိုင်ပွဲတွေက စံပြ အလှမယ် တွေကိုကြည့်ပြီး လူတိုင်းက အဲဒီလိုမျိုး လှချင်နေတာပေါ့" လို့ ဗင်နီဇာက ပြောပါတယ်။ "ကမ္ဘာမှာ အလှမာန်အတက်ဆုံး အမျိုးသမီးတွေထဲမှာ ဗင်နီဇွဲလားက ထိပ်ဆုံးကပဲ။ အလှဆိုတာကို အခြေခံ လိုအပ်ချက်တစ်ရပ်လို ယူဆထားကြ တယ်"လို့ ဗင်နီဇွဲလားမှာ ဆီလီကွန်အစားထိုးပစ္စည်းတွေ ဖြန့်ဖြူးတဲ့ ကုမ္ပဏီ အကြီးအကဲ အာတူရိုက ပြောပါတယ်။ မြီးကောင်ပေါက် မဖြစ်တဖြစ် ကလေးမတွေကို မိဘတွေက ခွဲစိတ်ပြုပြင်မှု စရိတ်စကကို လက်ဆောင်အဖြစ် ပေးတာမျိုးတွေ ရှိပါတယ်။ ဆီလီကွန်နဲ့ ရင်သားပြုပြင်တဲ့ကိစ္စတွေမှာ ရောဂါကူးစက်နိုင်မှု အန္တရာယ်မြင့်မားပေမယ့် မြီးကောင်ပေါက် တွေကို တားလို့မရပါဘူး။ တချို့ဆိုရင် ရင်သားကို လုံးဝ ဖြတ်ပစ်ရတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒီလိုကိစ္စတွေဖြစ်လာရင် ရှေ့နေတွေ အတွက် အလုပ်တစ်မျိုး ထပ်ရတာပေါ့။ ဒီဈေးကွက်မှာ ပြင်သစ်နိုင်ငံလုပ် ဆီလီကွန်အိတ်တွေက အမေရိကန်၊ တရုတ်နဲ့ ဘရာဇီးလ်နိုင်ငံက ကုန်ပစ္စည်းတွေထက် သာလွန်ပြီး ဈေးကွက် ၈၀ ရာခိုင်နှုန်းကို ဝေစုရထားပါတယ်။ ဗင်နီဇွဲလားနိုင်ငံသား မဟုတ်တဲ့ ခရီးသည်တွေ လာပြင်ကြတာကလည်း တခြားနိုင်ငံတွေမှာထက် ဈေးအများကြီး သက်သာလို့ပါ။ ဗင်နီဇွဲလားမှာတော့ ရင်သားခွဲစိတ်ပြုပြင်ခြင်းက ခေတ်အစားဆုံးဖြစ်ပြီး တစ်နှစ်ကို လူပေါင်း ၃၀,၀၀၀ ကျော်လောက် ပြင်တယ်လို့ ကျွမ်းကျင်သူတွေ က ဆိုပါတယ်။

No comments:
Post a Comment