ယနေ့အထိ တူးဖော်တွေ့ရှိပြီးသမျှ စိန်များအနက် အရည်အသွေးမြင့်မား၍ အကြီးဆုံးတစ်ခုဖြစ်သော ရင်သပ်ရှုမောဖွယ် စိန်တုံးကြီးတစ်တုံးကို တောင်အာဖရိက မိုင်းတွင်း တစ်ခုတွင် တွေ့ရှိခဲ့ကြောင်း Petra Diamonds မိုင်းတူးဖော်ရေးအုပ်စုကဆိုသည်။
အလေးချိန် ၅၀၇ ကာရတ်ရှိ၍ အမေရိကန်ဒေါ်လာသန်း ၂၀ ကျော်တန်သည့် ယင်းစိန်တုံးကြီးနှင့် အတူ အရည်အသွေးမီ အခြားစိန်တုံး သုံးခုကိုလည်း တူးဖော် တွေ့ရှိခဲ့ကြသည်။ ယင်းစိန်တုံးများ အားလုံးကို တောင်အာဖရိကရှိ နာမည်ကျော် Cullinan မိုင်းတွင်းမှ တူးဖော် တွေ့ရှိခဲ့ခြင်ဖြစ်သည်။ ထိုမိုင်းတွင်းမှပင် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်က အလေးချိန်၃၁၀၆ ကာရတ်ရှိ Cullinan အမည်ရ သမိုင်းဝင် စိန်တုံးကြီးကို တူးဖော်တွေ့ရှိ
ပြီးဖြစ်သည်။

No comments:
Post a Comment