ကိုးကန့်ဒေသကို စစ်အစိုးရတပ်များ ထိန်းချုပ်ထားပြီးနောက် ဦးဖုန်ကြားရှင်၊ ဦးဖုန်ကြာဖူး၊ ဦးဖုန်တာရွှင်နှင့် ဦးဖုန်ဝမ်ဟိန်းတို့ လေးဦး တရုတ်ပြည်အတွင်း ထွက်ပြေးတိမ်းရှောင်သွားပြီးနောက် စစ်အစိုးရမှ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော်မှလာသော သတင်းများအရ သိရပါသည်။နယ်စပ်သတင်းများအရ ဖုန်မိသားစုသည် '' ၀" နှင့် မိုင်းလားနယ်မြေအတွင်း ရှောင်တမ်းနေပြီး အခွင့်သာပါက စစ်အစိုးရကို တန်ပြန်ထိုးစစ်ဆင်မည်ဖြစ်ကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသည်။ ထိုအသင်းများထွက်ပေါ်လာပြီးနောက် အောက်တိုဘာ ၂၄ ရက်နေ့ ည ၈ နာရီခွဲခန့်ကစပြီး လောက်ကိုင်မြို့တွင်း အသေးစားပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သဖြင့် လောက်ကိုင်မြို့သူ၊ မြို့သားများ ထိတ်လန့်တုန်လှုပ်လျက်ရှိသည်။ ကိုယ်တွေ့ကြုံတွေ့သူများ၏ ပြောကြားချက်အရ ယခင် ဖုန်ကြားရှင်ပိုင်ဆိုင်သော "ဖုန်း" ဟိုတယ်နှင့် ဖုန်းကြားရှင်နေအိမ်သို့ သွားသည့်လမ်းတစ်လျောက်တွင် ပေါက်ကွဲမှု ၄ ကြိမ်၊ ဦးပိုင်စုန်ချိန်ပိုင်ဆိုင်သော ဟိုတယ်တွင် ပေါက်ကွဲမှု ၁ ကြိမ် ဖြစ်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။ ဖုန်ကြားရှင်၏ သစ္စာခံသူများ၏ လက်ချက်ဖြစ်ကြောင်း စစ်အစိုးရမှ စွပ်စွဲထားပြီး ဖုန်ကြားရှင်နှင့်အဖွဲ့အား ဖမ်းဆီးရမိရေး၊ ဖုန်ကြားရှင်ကို လက်ခံမထားရေး၊ "၀" အဖွဲ့အား ဖိအားပေးနေကြောင်းနှင့် ပေါက်ကွဲမှုများအတွက် လောက်ကိုင်ဒေသခံများမှ စိုးရိမ်ထိတ်လန့်လျက် ရှိနေပြီး ဖောက်ခွဲသူများကို အကြမ်းဖက်သမားများအဖြစ် စွပ်စွဲသတ်မှတ်နိုင်ရန် စစ်အစိုးရမှ အသုံးချသွားနိုင်ကြောင်း စစ်ရေးလေ့လာသူများမှ ဝေဖန်ပြောကြားလျက်ရှိသည်။်
No comments:
Post a Comment