သူ့ရဲ့မဂ္ဂဇင်းမှာ ဘယ်အမျိုးသမီးကို ကိုယ်ဟန်ပြမယ်အနေနဲ့ ပါစေချင်ပါသလဲလို့ Playboyမဂ္ဂဇင်း တည်ထောင်သူကြီး ဟုဂ်ျဟက်ဖ်နာကို မေးကြည့်တဲ့အခါ ချက်ချင်းပဲ ပြန်ဖြေလိုက်တာက “မီဂန်ဖောက်စ်ပါ”တဲ့။
အသက်(၈၃)နှစ်ရှိပြီဖြစ်တဲ့ ဟုဂ်ျဟာလည်း ကမ္ဘာပေါ်မှာရှိတဲ့ တခြားအမျိုးသား တော်တော်များများလိုပဲ ဆွဲဆောင်အားပြင်းလှတဲ့ ညှို့အလှပိုင်ရှင် မီဂန်ရဲ့ ရင်ခုန်တိမ်းမူးစရာ ပုံရိပ်တွေကို မြင်ချင်တယ်လို့ ၀န်ခံခဲ့ပါတယ်။
နောက်ပြီးတော့ ဘရစ်တနီစပီးယားစ်၊ ဂျက်ဆီကာဆင်ဆမ်တို့လို နာမည်ကျော် မိန်းကလေးတွေကိုလည်း သူ့မဂ္ဂဇင်းမှာ ကိုယ်ဟန်ပြပေးဖို့ အလိုရှိပါတယ်လို့ ဟုဂ်ျက ပြောခဲ့ပေမယ့် နံပါတ်တစ်နေရာမှာတော့ မီဂန်ကိုသာ အဓိက မြင်ချင်တယ်လို့ ဆိုပါတယ်။E! Onlineသတင်းဌာနက မေးမြန်းခဲ့တဲ့ အင်တာဗျူးမှာ ဟုဂ်ျကခုလို ဖြေခဲ့ပြီး သူ့ရဲ့များပြားလှတဲ့ အချစ်တော် မိန်းကလေးတွေထဲက အများစုကတော့ ကယ်လီအော့စဘွန်းကို သဘာဝအတိုင်း မြင်ချင်ကြတယ်လို့ ဖြေခဲ့ပါတယ်။ ဟုဂ်ျဟာ အသက်(၈၀)ကျော်လာပြီ ဖြစ်ပေမယ့် ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး ပုရိသအကြိုက် မဂ္ဂဇင်းကြီးကို ကြိုးကိုင်နေသူပီပီ ချစ်သူတွေ ပေါလှပါတယ်။ ဟုဂ်ျက မီဂန်နဲ့ ပတ်သက်ပြီး “သူဟာ သွယ်သွယ်လျလျနဲ့ တကယ်လှတဲ့ အမျိုးသမီးပါ။
သူ့ရဲ့သဘာဝအတိုင်း လှနေတဲ့ပုံဟာ ဘယ်လိုရှိမလဲဆိုတာ ကျွန်တော်အရမ်း သိချင်ပါတယ်”လို့ ဟုဂ်ျကဆိုပါတယ်။ ဟုဂ်ျကခုလို ထုတ်ပြောပေမယ့် မီဂန်ကတော့ အရင်ကတည်းက သူ့ရဲ့အ၀တ်အစားမပါတဲ့ ပုံတွေကို ပရိသတ်တွေ ဘယ်တော့မှ မမြင်စေရဘူးလို့ ပြောထားပြီးသားပါ။ ဒါကြောင့်လည်း ဟုဂ်ျရဲ့ဆန္ဒဟာ တကယ်ဖြစ်မလာဖို့ များနေပါပြီ။
Playboyမဂ္ဂဇင်းဟာ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး စာစောင်တစ်ခု ဖြစ်တာနဲ့အညီ ကိုယ်ဟန်ပြချင်သူ မိန်းမလှလေးတွေ များလှပေမယ့် အဆိုတော်မင်းသမီးလေး လင်းဆေးလိုဟန်ကလည်း မဂ္ဂဇင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ဖူးပါတယ်။

No comments:
Post a Comment