Friday, October 16, 2009

မိဘနှစ်ပါးကို သမီးဖြစ်သူမှ အပိုင်းပိုင်းခုတ်ဖြတ်


လွန်ခဲ့တဲ့ ၂ဝဝ၉ စက်တင်ဘာလ ၁၁ ရက်နေ့တုန်းက တရုတ်နိုင်ငံ Zhongshan မြို့ ရှိ တိုက်ခန်းတစ်ခန်း မှာ မိန်းမတစ်ယောက်နဲ့ ယောက်ျားတစ်ယောက် ကို သတ်ပြီး ခန္ဓာကိုယ် တွေကို အပိုင်းပိုင်းဖြတ်ထားတဲ့ လူသတ်မှု့တစ်ခုဖြစ်ပွားခဲ့ပါတယ်။ သို့သော်လည်း စက်တင်ဘာလ ၁၅ ရက်၊ နံနက် ၈ နာရီ မှသာ တိုက်ခန်းပိုင်ရှင်ရဲ့ ဖုန်းဆက်အကြောင်းကြားမှု့ကြောင့် ရဲ များသိရှိခဲ့တာဖြစ်ပါတယ်။ ထိုနောက်မှာ အခင်းဖြစ်ပွားတဲ့နေရာကို ကြည့်ရှု့စစ်ဆေးပြီး တော့ ကူညီပါရစေ အဖွဲ့ဟာ သေဆုံးသွားသူတွေရဲ့ သမီးဖြစ်သူ အသက် ၁၈နှစ်အရွယ် Qi Ping ကို မေးမြန်းစစ်ဆေးဖို့အတွက် ခေါ်ဆောင်သွားပါတယ်။

ထိုခေါ်ဆောင်သွားသူ ကို မေးမြန်းစစ်ဆေးကြည့်တဲ့အခါမှာတော့ သူမဟာ မိဘနှစ်ပါး စလုံးကို အပိုင်းပိုင်းခုတ်ဖြတ် သတ်ခဲ့တာဖြစ်ပြီး ဘာကြောင့်သတ်ရလဲဆိုတော့ သူမရဲ့မိဘတွေဟာ ကွာရှင်းပြတ်ဆဲလိုက်ကြတဲ့အတွက် ဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ပါတယ်။ အခင်းဖြစ်ပွားတဲ့ တိုက်ခန်းဟာ ရှစ်ထပ်မြောက် အမှတ် ၈ဝ၃ ဖြစ်ပြီး အထည်ချူပ်စက်ရုံ တစ်ရုံအနီးရှိ လူနေထူထပ်သော နေရာတစ်ခုလည်းဖြစ်ပါတယ်။ အခန်းပိုင်ရှင်က " ဒီနေ့မနက် ၈ နာရီအချိန်မှာတော့ ရှစ်ထပ်က အိမ်လခပေးဖို့လာတဲ့လူတစ်ယောက်ဟာ အခန်း ၈ဝ၃ ဖက်က အပုတ်နံ့ကို သူရခဲ့တယ်။ ပြီးတော့ အဲ့ဒီအခန်းက လင်မယားကို မတွေ့ရတာလဲ သူမတွေ့မိတာ နှစ်ရက်လောက်ရှိပြီး ထိုသူက ကျွန်တော့်စိတ်ထင်တော့ တစ်ခုခုတော့ မှားနေပြီးထင်တယ်လို့ ကျွန်တော်တို့လာ ပြောတော့ ကျွန်တော်လည်းသူ့နောက်လိုက်သွားခဲ့တယ် လို့ အိမ်ရှင်က သတင်းထောက်ကို ပြောပြပါတယ်။ ဆက်လက်ပြီးတော့ အခန်းပိုင်ရှင်က လာအကြောင်းကြားတဲ့လူနဲ့ ကျွန်တော်နဲ့ ထိုအခန်း ရှေ့ကို ရောက်သွား အထဲက အပုတ်နံ့ထွက်နေတာကို သိခဲ့ရတယ်။ အခန်းထဲဝင်ဖို့ တံခါးခေါက်တော့ ဘယ်သူမှလာမဖွင့်ပေးဘူး ဒါနဲ့ အခန်းတံခါးကို ကန်လိုက်တော့ တံခါးပွင့်သွားပြီး အပုတ်နံ့က ပိုပြီးဆိုးရွားလာသလို အထဲမှာ ကြောင်အန်းအန်းနဲ့ ကြည့်နေတဲ့ ကောင်မလေးကို တွေ့လိုက်ရတယ်။ ဒါနဲ့ဘဲ ရဲစခန်းကို ချက်ခြင်းဖုန်းဆက်အကြောင်းကြားလိုက်ပါတယ်လို့ပြောပြပါတယ်။ ၉ နာရီခွဲလောက်ကြတော့ ခုတ်ဖြတ်ထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရဲ ကသေတ္တာတစ်ခုထဲထည့်ပြီးသယ်ဆောင် သွားပါတယ်။ အခင်းဖြစ်ပွားမှု့ကို သိရှိရတဲ့အချိန်မှာ ဝင်ရောက် လာတဲ့ရဲများရဲ့ သက်သေခံ လက်နက်များကတော့ သစ်သီးလှီးတဲ့ ဓါးကြီးနှစ်ချောင်းနဲ့ တူ တစ်လက် တို့ကို တွေ့ခဲ့ရပါတယ်။ လူသတ်မှု့ကျူးလွန်သူ မိန်းခလေးကတော့ စက်တင်ဘာ ၁၁ ရက်နေ့ အိမ်မှာရှိနေချိန် မိဘ နှစ်ပါးဟာ စကားများရန်ဖြစ်ကြပြီး နောက်ဆုံး ကွာရှင်းဖို့ ဖြစ်လာတဲ့အခါမှာ မိဘနှစ်ပါးစလုံးကို သတ်ပြီး အပိုင်းပိုင်း သူခုတ်ဖြတ်ခဲ့တယ်လို့ ဝင်ခံခဲ့ပါတယ်။ သူမက " ကျွန်မ အဖေနဲ့ အမေဟာ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ စကားများကြတယ် သူတို့ကို ကျွန်မက ပြောတယ် စကားများတာရပ်ကြပါ နောက်ပြီး မကွာရှင်းဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အမေက ဗျစ်တောက်ဗျစ်တောက် လုပ်တာမရပ်ဘူး။ ဒါနဲ့ကျွန်မ ပလပ်စတစ်အိပ်တစ်လုံးယူပြီး သူ့ခေါင်းကို စွတ်လိုက်တယ် နောက်ပြီး သူ့လက်ကို လက်ပြန်ကြိုးတုတ်ပြီးထားလိုက် ဒါနဲ့သူလှုပ်လို့မရတော့ဘူး။ နာရီဝက်လောက်ကြာတော့ သူအသက်ရှုရပ်သွားတာ ကျွန်မသတိထားမိလိုက်တယ်။ အမေသေပြီဆိုတာ သိတော့ ကျွန်မအရမ်း တုန်လုပ်သွားတယ်။ အဖေကိုကြည့်တော့ လည်း အိပ်ယာပေါ်မှာလဲအိပ်နေ ကျွန်မကို ရဲသွားတိုင်မှာစိုးလို့ ပြီးတော့ အဖေက ကားမတော်တဆ ထိခိုက်မှု့ဖြစ်ထားတာမကြာသေးဘဲ ဒါဏ်ရာအချို့ရှိလို့ ကောင်းကောင်း မလှုပ်ရှားနိုင်ဘူး ဒါကြောင့်အဖေကိုလည်း ပလပ်စတစ်အိပ်အဟောင်းနဲ့ အသက်ရှုမရအောင် လုပ်ပြီးသတ်လိုက်တယ်။ ပြီးတော့ စူပါမာကပ် တစ်ခုမှာ သစ်သီးလှီးတဲ့ ဓါးနှစ်ချောင်းနှင့် တူတစ်လက်ကို သွားဝယ်ခဲ့ပြီး အပိုင်းပိုင်းခုတ်ဖြတ်ခဲ့တာဖြစ်ပါတယ်ခဲ့ပြီး ပလပ်စတစ်အိမ်အမဲ တစ်ခုထဲကို ထည့်ခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။ ပါတ်ဝန်းကျင်မှ လူတစ်ယောက်ကပြောရာမှာတော့ ထိုသေဆုံးသွားသူ ယောက်ျားဟာ အလွန်သဘောထားကောင်းမွန်ပြီး အားလုံးနှင့်ခင် မင်ရင်းနှီးသူတစ်ယောက်ဖြစ်တယ်။ သူတို့မှာချောမောလှပတဲ့ သမီးတစ်ယောက်ရှိပြီး ဘွဲ့ရထားတာလဲ မကြာသေဘူး၊ သူ့အမေနဲ့လည်း မကြာခဏ ဈေးထွက်ဝယ်တာကို တွေ့ဖူးတယ်။ ဒီလို ကိစ္စမျိုးဖြစ်လာမယ်လို့ တစ်ခါမှ မထင်ထားမိဘူးလို့ ပြောပြပါတယ်။ ပါတ်ဝင်ကျင်မှ လူအများကတော့ ထိုမိန်းခလေးဟာ အလွန်ရည်မွန်ပြီး နူးညံ့သိမ်မွေ့တဲ့မိန်းခလေးလို့ လည်းပြောပါတယ်။ သူမရဲ့ ကျောင်းအုပ်ကလဲ ထိုမိန်းခလေးက စာတော်သလို ပန်းချီနဲ့ အားကစားမှာလဲ ထူးချွန်ပါတယ်။ လူမှု့ဆက်ဆံရေးလဲအလွန်ကောင်းတဲ့သူတစ်ယောက်ဖြစ်တယ်လို့ ပြောပြပါတယ်။

No comments: