စက်တင်ဘာ ၃၀ ရက်နေ့ ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက် US အစိုးရ၏ ဘတ်ဂျက်လိုငွေသည် စံချိန်သစ်တင်၍ $ ၁.၄ ထရီလီယံသို့ ရောက်ရှိခဲ့သည်။ GDP ၏ ၉.၉% ဖြစ်၍ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းအများဆုံးဖြစ်လေသည်။ စီးပွားကျကာလအတွင်း အစိုးရ၏ပိုမိုသုံးစွဲခြင်းနှင့် အခွန် ရငွေနည်းပါးခြင်း ကြောင့် ဖြစ်သည်။ TARP အစီအစဉ်အရ စီးပွားရေး နယ်ပယ်သို့ ဖြည့်တင်း ပေးငွေ $ ၇၈၇ဘီလီယံနှင့် အပေါင်ချေးငွေ ဘဏ်ဖင်နီမေနှင့် ဒရက်ဒီမက်တို့အား ကယ်တင်ပေးသည့်ငွေများ ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် အတိုးနှုန်းကိုမြှင့်ပေးရမည် ဖြစ်သည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်းပြောဆိုကြသည်။
No comments:
Post a Comment