Monday, November 02, 2009

ကိုးကန့်နယ်မြေအတွင်း မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်း

ကိုးကန့်နယ်မြေအတွင်း ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းကို အောက်တိုဘာလ ၃၁ ၇က် နံနက် ၁၁ နာရီခွဲတွင် ကိုးကန့်ဒေသလောက်ကိုင်မြို့တွင် ကျင်းပသည်။

မီးရှို့ဖျက်ဆီးလိုက်သော မူးယစ်ဆေးဝါး၊ စိတိကြွဆေး၊ ဓာတုဆေးရည်နှင့် ဆက်စပ်ပစ္စည်းများမှာ စိတ်ကြွဆေးပြား ၁၁၉၄၄၈၃၇ ပြား၊ အိုက်စ် ၀ ဒသမ ၄၄ ကီလို၊ ဘိန်းဖြူ ၀ ဒသမ ၁၃ ကီလို၊ ဘိန်းစိမ်း ၀ ဒသမ ၈၉၉ ကီလို၊ ကက်တမင်းအမှူန့် ၈၃ ကီလို၊ အက်စစ် ငါးမျိုး ၆၈၁၄ လီတာ၊ အက်စစ်အမှူန့် ၂၃ ဒသမ ၂၄ ကီလို၊ အက်ဖီဒရင်းဆေးပြား ၇၉၆၅၂၀၀ ၊ အက်ဖီဒရင်းအမှူန့် ၂၄၆ ကီလို၊ ဆူဒိုအက်ဖီဒရင်းဆေးတောင့် ၆၄၀၀၀၊ အက်ဖီဒရင်းအာနိသင်ပါ နှစ်စီစီအရည်ပုလင်း ၁၂၄၇၀၇ လုံး၊ ကေဖင်း ၄၅ ကီလို၊ သိုင်အိုနှိုင်း ကလိုရိုဒ် ၅၆၈ လီတာ၊ အီသာ ၃၀၇၆ ဒသမ ၅ လီတာ၊ အက်စီတုန်း ၇၀၅၆ လီတာ၊ အရက်ပြန်လီတာ ၆၈၀ ၊ အီသိုင်းအယ်ကိုဟော ၂၁၆၁ လီတာ၊ ကလိုရိုဖောင်း ၅၉၇၉ လီတာ၊ ဆိုဒီယမ်ဟိုက်ဒရောဆိုဒ်ပုံဆောင်ခဲကီလို ၂၀၀၊ အမိုနီယမ်ကလိုရိုဒ် ၄၅ ကီလို၊ အရိုးမီးသွေး ၃၀၇၉ ဒသမ ၄ ကီလို၊ ဘိန်းသီးအိတ် ၂၃၁ အိတ်နှင့် အခြားဆက်စပ်ကိရိယာပစ္စည်းမျိုးစုံ ၃၃ မျိုး ဖြစ်သည်။
မီးရှို့ဖျက်ဆီးသည့်မူးယစ်ဆေးဝါး၊ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်များ၏ စုစုပေါင်းတန်ဖိုးမှာ မြန်မာကျပ်ငွေ ၂၀ ဘီလီယံကျော်( အမေရိကန် ဒေါ်လာသန်း ၂၀ ကျော် ) ဖြစ်ကြောင်း သိရသည်။

No comments: