နယ်ခြားစောင့်တပ်များဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ နယ်ခြားစောင့် တပ်တွင် တာဝန် မထမ်းဆောင်ချင်၍ ထွက်ပြေးသွားပြီး၊ နယ်ခြားစောင့်တပ်များ ကိုယ်ကျိုး စီးပွားရှာနေကြသည် စသည့် သတင်းများ ထွက်ပေါ်လာသည့်အတွက် ဖြစ်ရပ်မှန် အခြေအနေမှန်များကို အမှန်အတိုင်းသိရှိရန် နယ်စပ်ဒေသ စစ်ရေးလေ့လာရေးအဖွဲ့က ကချင်အထူး(၂)ဒေသသို့ သွားရောက်ခဲ့ပါတယ်။
ကျွန်တော်တို့ကို နယ်ခြားစောင့်တပ်အဖြစ် ပြန်ဖွဲ့ပေးမယ်။ ကျွန်တော်တို့ဆီက လူနှစ်ရာကျော်နဲ့ သူတို့စစ်တပ် က လူ ၃၀ ပါမယ်ပြောတော့ ကျွန်တော်စိတ်ထဲမှာ စစ်အစိုးရရဲ့ လှည့်ကွက် တစ်ခုလိုပဲ ထင်မြင် ယုံကြည်ခဲ့ပါတယ်။
အခုလက် တွေ့မှာ နယ်ခြားစောင့်တပ်ဖွဲ့တယ်။ ကိုယ့်နယ်မြေမှာပဲကိုယ်နေရတယ်။ စစ်ယူနီ ဖောင်းဝတ်ပြီး အဆင့် တံဆိပ်တွေတပ်ဆင်တယ်။ လစာရတယ်၊ ရိက္ခာရတယ်၊ အဆင့် လိုက်သင်တန်းတွေ တက်ရတယ်။ အဆင်ပြေပါတယ်၊ ကျွန်တော်တို့အားလုံး ပျော်ပါတယ်။ ကျွန်တော်တို့လိုနယ်ခြားစောင့်တပ် မဖြစ်သေးတဲ့ ကျန်တဲ့ ကေအိုင်အေ တပ်ဖွဲ့ဝင်တွေကလဲ ကျွန်တော်တို့အခြေအနေကိုကြည့်ပြီး နယ်ခြားစောင့်တပ်တိုးချဲ့ ဖွဲ့ပေးဖို့စောင့်မျှော် နေကြ ပါတယ်။ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ဖြစ်ရတာ ကျွန်တော်တို့ကျေနပ်တယ်။ လက်ရှိမှာတော့ နယ်ခြားစောင့်တပ်က ထွက်ပြေးတာမရှိသေးပါဘူး။ တစ်ချို့တစ်လေ တောင်ယာစိုက်ချိန်ဖြစ်လို့ ခရီးလွန်နေတာရှိတယ်။ စီးပွားရေး လုပ်ငန်းလဲ ကြီးကြီးမားမားမရှိပါဘူး။ ကိုယ်ပိုင်တောင်ယာ လုပ်ငန်းတွေပဲ ရှိပါတယ်။
ကချင်အထူးဒေသ(၂)ရှိ နယ်ခြားစောင့်တပ်ရင်း(၁၀၀၁)မှ တပ်ဖွဲ့ဝင်အချို့၏ တွေ့ဆုံပြော ကြားချက်များ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ ကချင်လူကြီးပိုင်းများအနေဖြင့် နိုင်ငံရေးပါတီဖွဲ့ပြီး ၀န်ကြီးနေရာ၊ ပြည်နယ်အမတ်နေရာများအတွက် ကြိုတင်ပြင်ဆင်နေကြပြီး လက်နက်ကိုင်လုပ်ပိုင်ခွင့်အာဏာလျော့မှာကို စိုးရိမ်နေသည့် KIO ခေါင်းဆောင်ပိုင်းက လက်မခံချင်ကြသော်လည်း လက်အောက်ငယ်သားအများစုမှာ နယ်ခြားစောင့်တပ်သို့ဝင် ခြင်းဖြင့် သူတို့၏မိသားစု ဘ၀ နောင်ရေး စိတ်အေးရသည့်အပြင် ဒေသကောင်းကျိုး ပိုမို ဆောင်ရွက်နိုင်လို့ယုံကြည်နေကြောင်း သတင်းရရှိသည်။
http://myochitmyanmar.org မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။
No comments:
Post a Comment