Friday, December 11, 2009

ထိုင်းနိုင်ငံမှ ထွက်ရှိမည့် ရွှေတန်ချိန် ၇၀၀

ထိုင်းနိုင်ငံ ဘူမိဗေဒဌာနမှူးမှ ထိုင်းနိုင်ငံအတွင်း၌ ရွှေထုတ်ယူရရှိနိုင်သော နေရာပေါင်း (၇၆) နေ၇ာရှိကြောင်း၊ ၄င်းနေရာအားလုံးမှာ ရွှေတန်ချိန် စုစုပေါင်း(၇၀၀) ခန့် ထုတ်ယူရရှိနိုင်ကြောင်း၊ ထုတ်ယူရရှိနိုင်သော ရွှေများကို ယခုကဲ့သို့ ကမ္ဘာ့ရွှေဈေးမြင့်တက်နေသောကာလတွင် ရောင်းချနိုင်ပါက ဘတ်ငွေသန်းပေါင်း(၉)သိန်းခန့် ရရှိနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ၄င်းရွေများအား စနစ်တကျ ထုတ်ယူရရှိနိုင်ရေးအတွက် အစီအစဉ်များ ရေးဆွဲထားပြီး ထိုင်းဝန်ကြီးများ အစည်းအဝေး၌ ၄င်းအစီ အစဉ်အား တင်ပြရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ ရွှေကြောများအား ထိုင်းနိုင်ငံ၏ အရှေ့မြောက်ပိုင်း ကုန်းမြင့်ဒေသတွင် အများဆုံးတွေ့ရပြီး ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများ အတွင်းသို့ ဆက်စပ်နေကြောင်း သိရှိရသည်။ လတ်တလော အခြေအနေအရ Tak ခရိုင်၊ Sohkotthai Chon Buri ၊ Lam Phuu နှင့် Phrae ခရိုင်အကြားဒေသ၊ Udon Thani ခရိုင် နမ့်စုမ်မြို့နယ် စသည့် (၅) နေရာတွင် ရွှေထုတ်လုပ်မှုများ ရှိနေပြီး၊ အရပ်သားများအနေဖြင့် Prachuap Khiri Khan ခရိုင် တန်းစစ်မြို့နယ်တွင် ချောင်းထဲမှနေ၍ ရွှေကျင်ထုတ်ယူနေကြောင်း သိရှိရသည်။ထိုင်းနိုင်ငံ ဘူမိဗေဒဌာနမှူးမှ ထိုင်းနိုင်ငံအတွင်း၌ ရွှေထုတ်ယူရရှိနိုင်သော နေရာပေါင်း (၇၆) နေ၇ာရှိကြောင်း၊ ၄င်းနေရာအားလုံးမှာ ရွှေတန်ချိန် စုစုပေါင်း(၇၀၀) ခန့် ထုတ်ယူရရှိနိုင်ကြောင်း၊ ထုတ်ယူရရှိနိုင်သော ရွှေများကို ယခုကဲ့သို့ ကမ္ဘာ့ရွှေဈေးမြင့်တက်နေသောကာလတွင် ရောင်းချနိုင်ပါက ဘတ်ငွေသန်းပေါင်း(၉)သိန်းခန့် ရရှိနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ၄င်းရွေများအား စနစ်တကျ ထုတ်ယူရရှိနိုင်ရေးအတွက် အစီအစဉ်များ ရေးဆွဲထားပြီး ထိုင်းဝန်ကြီးများ အစည်းအဝေး၌ ၄င်းအစီ အစဉ်အား တင်ပြရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ ရွှေကြောများအား ထိုင်းနိုင်ငံ၏ အရှေ့မြောက်ပိုင်း ကုန်းမြင့်ဒေသတွင် အများဆုံးတွေ့ရပြီး ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများ အတွင်းသို့ ဆက်စပ်နေကြောင်း သိရှိရသည်။ လတ်တလော အခြေအနေအရ Tak ခရိုင်၊ Sohkotthai Chon Buri ၊ Lam Phuu နှင့် Phrae ခရိုင်အကြားဒေသ၊ Udon Thani ခရိုင် နမ့်စုမ်မြို့နယ် စသည့် (၅) နေရာတွင် ရွှေထုတ်လုပ်မှုများ ရှိနေပြီး၊ အရပ်သားများအနေဖြင့် Prachuap Khiri Khan ခရိုင် တန်းစစ်မြို့နယ်တွင် ချောင်းထဲမှနေ၍ ရွှေကျင်ထုတ်ယူနေကြောင်း သိရှိရသည်။

No comments: