Wednesday, May 19, 2010

တာချီလိတ်ဒေသမှာ နယ်ခြားစောင့်တပ်တစ်ခု ဖွင့်လိုက်ပြန်ပြီ

တာချီလိတ်ဒေသဘက်မှာ နယ်ခြားစောင့်တပ်အသစ်တစ်ခု မနေ့ကဖွင့်လှစ်တဲ့သတင်း စစ်အစိုးရမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။ တာချီလိတ်ဒေသဟာ ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့ နဲ့ ချောင်းတစ်ဖက်ကမ်းမှာရှိတဲ့မြို့ တစ်မြို့ ဖြစ်ပါတယ်။ တာချီလိတ်မှာ BGF တပ်ဖွင့်တာနဲ့ပတ်သက်ပြီး ထိုင်း-မြန်မာနယ်စပ်စစ်ရေးအကဲခတ်သူများက `` နယ်ခြားစောင့်တပ်ဆိုပြီး အခုမှ နာမယ်ဖော်ပြပေမယ့် ဒီတပ်ဖွဲ့ ၀င်တွေအားလုံးက အရင်ကထဲက ပြည်သူစစ်ဆိုပြီး ရှိနေခဲ့တာပါ။ အဲဒီမှာ ၀ တွေ လားဟူတွေ အများဆုံးပါဝင်ပြီးတော့ စစ်ရေးအတွေ့ အကြုံရှိတဲ့သူတွေ ဖြစ်ပါတယ်။ စစ်အစိုးရနဲ့ အမြဲတမ်းပူးပေါင်းနေတဲ့အတွက် တာချီလိတ်ဒေသမှာ လုပ်ပိုင်ခွင့်တွေရထားတဲ့အဖွဲ့ ဖြစ်ပါတယ်။ ဒေသခံပြည်သူတွေအတွက် အားထားရမယ့် တပ်ဖွဲ့ ဖြစ်လာမယ်ဆိုရင် ပိုကောင်းပါတယ်။´´ လို့ သုံးသပ်ထားပါတယ်။ ဒေသခံပြည်သူတွေအနေနဲ့ တော့ နယ်မြေအေးချမ်းနေမယ် ကောင်းကောင်းအိပ်ရမယ် ကောင်းကောင်းစားရမယ်ဆိုရင် ဘယ်လိုတပ်ဖွဲ့မျိုးပဲ ဖွဲ့ ဖွဲ့ သဘောကျနှစ်သက်တယ်လို့ သိရပါတယ်။


သတင်းပေးပို့သူ လင်းထင်

No comments: