ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးပြဿနာဟာ အဆိုးရွားဆုံးအနေအထားကို ရောက်နေပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေရာမှ အကြမ်းဖက်မှုအသွင်ကို ကူးပြောင်းလာတဲ့အတွက်သေဆုံး၊ ဒဏ်ရာရနေသူတွေ များလာပါတယ်။ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ ၀င်တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဂျာနယ်လစ်တွေအပါအ၀င် ပြည်သူအများအပြား သေဆုံးခဲ့ပါတယ်။
ထိုင်းနိုင်ငံရေးအခြေအနေနဲ့ ပတ်သက်လို့ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က အလွန်အမင်းစိုးရိမ်ပူပန်လျက်ရှိကြောင်း၊ နောက်ထပ်အကြမ်းဖက်မှုများနှင့် အသက်ဆုံးရှုံးမှုမရှိစေရေးလုပ်ဆောင်
ကြဖို့ ဆန္ဒပြသူများနှင့် ထိုင်းအာဏာပိုင်များကို မေတ္တာရပ်ခံခဲ့ပါတယ်။ အခြေအနေဆိုးဝါးနေတာတွေ လျော့နည်း သွားစေရေးအတွက် ပြဿနာအရပ်ရပ်အား အမြန်ဆုံးစေ့စပ်ဆွေးနွေးကြရန် တိုက်တွန်းခဲ့တယ်လို့ ထိုင်းနိုင်ငံအပေါ် ကုလသမဂ္ဂရဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
No comments:
Post a Comment