ကမ္ဘောဒီးယားမူးယစ်ဆေးဝါး တိုက်ဖျက်ရေး အမျိုးသားအာဏာပိုင်အဖွဲ့ ဥက္ကဌမစ္စတာ ကီကမ်ယမ်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအမျိုးသား အာဏာပိုင် အဖွဲ့ဥက္ကဌနှင့် တွေ့ဆုံဆွေးနွေးရန် ဗီယက်နမ်နိုင်ငံသို့ သြဂုတ်လ ၉ ရက်နေ့တွင် (၅) ရက်ကြာခရီး သွားရောက်မည်ဖြစ်သည်။
မစ္စတာကီကမ်ယမ်းနှင့်အဖွဲ့ ဗီယမ်နမ်တွင်ရှိနေစဉ် အတွင်း ကမ္ဘောဒီးယားမူးယစ်ဆေးစွဲသူများ ကုသရေး အမျိုးသားဌာန ဆောက်လုပ်ရေးအတွက် ဗီယက်နမ်နိုင်ငံမှ လှူဒါန်းမည့် ကိစ္စရပ်များ ဆွေးနွေးမည် ဖြစ်သည်။ ၂၀၀၉ ခုနှစ်က နှစ်နိုင်ငံတာဝန်ရှိသူများတွေ့ဆုံစဉ် ဗီယက်နမ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားမူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေးနှင့် ကုသရေးဌာနဆောက်လုပ် လှူဒါန်းရန်အတွက် အမေရိကန်ဒေါ်လာ (၂)သန်း ကုန်ကျခံရန် သဘောတူခဲ့ခြင်းဖြစ်သည်။ အဆိုပါကုသရေး ဆောက်လုပ်ရန် အတွက် မြေနေရာအားအလှူရှင် Mong Reththy က Preach Sihanauk ပြည်နယ်တွင် မြေ (၂၀) ဟတ်တာလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment