Friday, August 13, 2010

၂၀၁၀ ပြည့်နှစ်တွင် ဥက္ကာပျံဖြာထွက်မှုနှင့် မြင်တွေ့ရမည် Tips များ

Perseids ဟူသော ဥက္ကာပျံဖြာထွက်မှု (meteor shower)ကို သြဂုတ်လ ၁၂ ရက်နေ့ညအချိန်တွင်မြင်တွေ့ရမည် ဖြစ်သည်။ ဖြာထွက်မှုအထွတ်အထိပ်ရောက်ချိန်၌ လသည် ရက်အနည်းငယ်ကျော်လွန်သွားပြီးဖြစ်သည်။ ထို့ကြောင့်အလင်းရောင် အားနည်းသောဥက္ကာခဲ များကို ၀င်ရောက်နှောင့်ယှက်မည့်လအလင်းရောင်ရှိလိမ့်မည်မဟုတ်ပါ။ ဥက္ကာခဲဒါဇင် အနည်းငယ် နှင့်အတူ ဖြာထွက်မှုသည် ညသန်းခေါင်ယံလွန်တွင် အထွတ်အထိပ်သို့ရောက်ရှိလိမ့်မည်ဖြစ် ပါသည်။ (သြဂုတ်လ ၁၃ ရက် နေ့ အရုဏ် မတက်မီအထိ)

  • အမည် အထွက်အထိပ်ရောက်ရက်
  • Quadrantids .ဇန်န၀ါရီလ ၃ ရက်နေ့ညအချိန် .လုံးဝပြည့်လုနီးပါး
  • Lyrids အေပြီလ ၂၁ ရက်နှင့် ၂၂ ရက်နေ့ညများ နံနက် ၃-၄ နာရီခန့်တွင်လ၀င်သည်။
  • Eta Aquarids မေလ ၅-၆ ရက်နေ့ည နံနက် ၃ နာရီခန့်တွင်လထွက်သည်။
  • Perseids သြဂုတ်လ ၁၂ ရက်နေ့ည ည ၁၀ နာရီခန့်တွင်လ၀င်သည်။
  • Orionids အောက်တိုဘာလ ၂၁ ရက်နေ့ည လပြည့်
  • Leonids နိုဝင်ဘာလ ၁၇ ရက်နေ့ည နံနက် ၄ နာရီခန့်တွင် လ၀င်သည်။
  • Geminids ဒီဇင်ဘာလ ၁၃ ရက်နေ့ည ညသန်းခေါင်ယံတွင်လ၀င်သည်။
  • မှတ်ချက်။ ဤခန့်မှန်းအချိန်များသည် Lower 48 နိုင်ငံများအတွက်ဖြစ်ပါသည်။ အမှန်တကယ်ဖြာထွက်ချိန် (Shower time)သည် ပြောင်းလဲနိုင်ပါသည်။ တောက်ပသော အလင်းရောင်က ၄င်းဥက္ကာပျံအားလုံးကိုမြင်တွေ့ရရန်အခက်အခဲ ဖြစ်စေပါသည်။ သို့သော် တောက်ပဆုံးသော ဥက္ကာပျံများကိုမူမြင်တွေ့နိုင်ပါသည်။
ဥက္ကာပျံဖြာထွက်မှုဆိုသည်မှာအဘယ်နည်း
နှစ်၏သီးသန့်အချိန်၌ များပြားသောဥက္ကာပျံဖြာထွက်ခြင်းကို (meteor shower) ဟုခေါ် ပါသည်။ကြယ်တံခွန်များမှ ကြွေကျသောအကျိုးအပဲ့အပိုင်းအစများသည် ဥက္ကာပျံဖြာထွက်မှု ဖြစ်လာပါသည်။ ကြယ်တံခွန်များသည် နေကိုလှည့်ပတ်လျက် ရှိသောကြောင့်၎င်းတို့သည် အလွန်အေးသောအမှုန်အပိုင်းအစများကိုကြယ်တံခွန်ပတ်လမ်းတစ်လျှောက်တွင်ခြွေချခဲ့ပါသည်။ ကမ္ဘာကဤလမ်းကြောင်းအတွင်းသို့ဖြတ်သန်းဝင်ရောက်သွားခဲ့လျှင်ကျွန်ုပ်တို့အနေဖြင့်ဥက္ကာပျံဖြာ ထွက်မှုကိုမြင်တွေ့ရပါသည်။ ကမ္ဘာနှင့်အဆိုပါလမ်းကြောင်းတို့ ဆုံတွေ့သည်နေရာပေါ်မူတည်၍ ဥက္ကာပျံများသည် ကောင်းကင်ထဲရှိသီးခြားနေရာတစ်ခုမှ ကြွေကျလာပါသည်။ ကြယ်တာရာ အစုအဝေးအတွင်းမှ ကျရောက်လာခြင်းလည်း ဖြစ်နိုင်ဖွယ်ရှိပါသည်။ဥက္ကာပျံများ ကြွေကျခြင်းအစုအဝေးကို ဥက္ကာပျံဖြာထွက်ခြင်းဟုခေါ်ဆိုပြီးနက္ခဗေဒပညာရှင်များက ဖြာထွက်ခြင်း (radiant) ဟုခေါ်ဆိုပါသည်။ ဥပမာအားဖြင့် Leonid ဥက္ကာပျံအစုအဝေးအတွက်ဖြာထွက်မှုသည် Leo ကြယ်တာရာအတွင်းတည်ရှိပါ သည်။ Perseus ကြယ်တာရာ အတွင်းမှ ဥက္ကာပျံများကြွေကျလာခြင်းကြောင့် Perseid ဥက္ကာပျံအစုအဝေးဖြာထွက်ခြင်းဟုခေါ် ဆိုပါသည်။
ဥက္ကာပျံဆိုသည်အဘယ်နည်း
ဥက္ကာပျံကို Shooting Stars ၊ သို့မဟုတ် Falling Stars ဟုရှေးနှစ်ပေါင်းများစွာကတည်းက လူသားတို့ခေါ်ဝေါ်ခဲ့ကြ ပါသည်။ ဥက္ကာပျံများသည် ဂြိုလ်အချင်းချင်းပွတ်တိုက်မိသောကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ၄င်းဥက္ကာပျံအချင်းချင်းကမ္ဘာ့ လေထုအတွင်းပွတ်တိုက်လောင်ကျွမ်းခြင်း ကြောင့်ညအချိန်ကောင်းကင်ယံတွင်အလင်းတန်းများ ထွက်ပေါ်ခြင်းဖြစ်ပါသည်။ ဥက္ကာပျံများသည် တစ်နာရီလျှင်မိုင်ထောင်ပေါင်းများစွာရွေ့လျားကြပြီးကမ္ဘာမြေပြုင်အထက်မိုင်ပေါင်း ၃၀ မှ ၈၀ အကြား လေထု အတွင်းပွတ်တိုက်မှုဖြစ်ပေါ်ခြင်းဖြင့်အလျင်အမြန်လောင်ကျွမ်းကြပါသည်။ အပိုင်း အစအားလုံးနီးပါးသည်လောင်ကျွမ်း ပျက်စီးကြပြီးအနည်းငယ်သာ ကမ္ဘာမြေပြင်ပေါ်သို့ကျရောက် ကြပါသည်။ ထိုသို့ကျရောက်လာသည့်အပိုင်းအစများကို ဥက္ကာခဲ ဟုခေါ်ဆိုပါသည်။ ဥက္ကာပျံတစ်ခုသည်ကောင်းကင်ယံ၌လျင်မြန်စွာထွက်ပေါ်လာဖွယ်ရှိပြီး ၄င်း၏သေးငယ်သောအရွယ်အစား နှင့်အလင်းရောင် ထွက်ပေါ်မှုသည် သင့်အားကြယ်တစ်လုံးအဖြစ်ထင်မှတ်စေပါသည်။ သင့်အနေဖြင့်ဥက္ကာပျံ တစ်ခုကို ရှာတွေ့ပြီး ၄င်းဥက္ကာပျံကျ ရောက်သည့်နေရာကို တွေ့မြင်လျှင်ကြယ်ကြွေခြင်းကိုတွေ့မြင်သည်ဟု လွယ်ကူစွာ ယူဆနိုင် ပါသည်။
ကျရောက်လာသည့် ဥက္ကာပျံတစ်ခုကို မည်ကဲ့သို့အကောင်းဆုံးကြည့်ရှုနိုင်သနည်း
သင့်အနေဖြင့် မီးရောင်စုံလင်းနေသည့် မြို့တော်အနီး၌ နေထိုင်လျှင်မြို့တော်၏တောက်ပနေသောမီးရောင်များနှင့် ဝေးရာ သို့ထွက်ခွာပါက ဥက္ကာပျံများထံမှ အလင်းရောင်ဖြာထွက်နေသည်ကိုတွေ့မြင်ရပါလိမ့်မည်။
ဥပမာ- သိဟ်ရာသီဂွင်(၀ါခေါင်လရာသီဂွင်တွင်ရှိနေသည့်သရ၀ဏ်နက္ခက်စု)ကိုကြည့်မြင်နိုင်ရန်မြောက် ဘက်ကောင်းကင် ကိုဦးတည်ကြည့်ပါ။ ဤကာလတွင် တောင်ဘက်ခြမ်းသည် သင့်အတွက် မှောင်မိုက်သည့်ကောင်းကင်အဖြစ်ဦးတည်နေဖွယ်ရာ ရှိပါသည်။သို့ရာတွင် သိဟ်ရာသီတွင် မြောက်ဘက်မိုးကုတ်စက်ဝိုင်းခြမ်းတွင်မူ နီမြန်းနေလိမ့်မည်ဖြစ်သည်။ သြဂုတ်လလယ် ည ၁၁ နာရီခန့်တွင် အရှေ့မြောက်ဘက်အရပ်မှ ထွက်ပေါ်လာသည့် Perseus ကြယ်နက္ခ်အစုမှ သိဟ်ရာသီဥက္ကာပျံ(ကြယ်ပျံ) များသည် မိုးရွာသွန်းမှုဖြစ်ပေါ်စေရန်အတွက် ကမ္ဘာ့လေထုအတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန်(ကြယ်ကြွေကျမှု)ပေါ်ထွက်လာ လိမ့်မည်ဖြစ်ပါသည်။
သင့်အနေဖြင့် မြို့မီးအလင်းရောင်နှင့်ဝေးရာသို့ သွားရောက်ပြီးနောက်မှောင်မိုက်သည့်နေရာသို့ရှာဖွေပါ။ ကားရှေ့မီးရောင် မြင်ရသည့် ချောင်ကျသည့်နေရာများသည် သင်၏ညအမြင်အာရုံကိုမထိခိုက်နိုင်ပါ။သို့ဖြစ်၍ ပန်းခြံများ၊ သို့မဟုတ် အခြားလုံခြုံ စိတ်ချမဲမှောင်သည့်နေရများကိုရှာဖွေပါ။
သင့်အနေဖြင့် ရှာဖွေထားသောနေရာတွင် ခြေချသောအခါသင်၏အပေါ်ဘက်မြင်ကွင်းအစွန်း၌ မိုးးကုတ်စက်ဝိုင်းထွက်ပေါ် နေသည့်နေရာ၊ သို့မဟုတ် ၄င်းနေရာ၏နောက်ဘက်တွင် နေရာယူပါ။ ကြယ်များနှင့်မိုးကောင်းကင်တို့သည်သင်၏မြင်ကွင်း၌ ရှိနေပါစေ။ ဥက္ကာပျံများထွက်ပေါ်လာသည့်အခါဥက္ကာပျံများက သင်၏စိတ်အာရုံကိုဖမ်းစားပါလိမ့်မည်။
ဥက္ကာပျံများကိုမြင်တွေ့ရန်ကောင်းကင်မည်မျှမှောင်မဲရမည်ကိုဘယ်လိုသိနိုင်မလဲ။
Little Dipper ကြယ်တစ်လုံးစီကို သင်မြင်တွေ့နိုင်လျှင်သင်၏မျက်လုံးများသည်အမှောင်နှင့်သင့်လျှော်ပြီးသင်ကြည့်ရှု သောနေရာသည် လုံလောက်သောအမှောင်ရှိသည့်နေရာဖြစ်ပါသည်။ အဆိုပါအခြေအနေတွင်သင်သည် ဥက္ကာပျံအများအ ပြား ကိုမြင်တွေ့ရပါလိမ့်မည်။
ဥက္ကာပျံများကို စောင့်ကြည့်ရန်အတွက် ဘာတွေပြင်ဆင်ထားသင့်သလဲ။
ဇူလိုင်လ ၄ ရက်နေ့ မီးရှုးမီးပန်းများကိုကြည့်ရှုသကဲ့သို့ ဥက္ကာပျံကိုစောင့်ကြည့်ပါ။ ညမြင်ကွင်းကိုမပျက်ဆီးစေဘဲ ဇိမ်ခံကုလားထိုင်များ၊ ကြမ်းပိုးသတ်ဆေး၊ အစားအစာနှင့်အချိုရည်များ၊ စောင်များနှင့် မြေပုံ၊ဇယားကားချပ်များဖတ်ရန် လက် နှိပ်ဓာတ်မီးတို့ကို အသင့်ပြင်ဆင်ထားပါ။ မှန်ပြောင်းမလိုအပ်ပါ။ သင်၏မျက်လုံးများဖြင့် ကောင်းစွာကြည့်ရှုနိုင်ပါသည်။

အင်တာနက်မှသတင်းအား ဘာသာပြန်ဖော်ပြပါသည်။




No comments: