| အထည်ချုပ်လုပ်ငန်းတစ်နေရာ |
ဘန်ကောက်၊ ဇန်န၀ါရီလ ၁၂ ရက်
ထိုင်းနိုင်ငံအတွင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများ အရေအတွက် သိန်းချီ၍ရှိပါသည်။ ၄င်းလုပ်ငန်းများ အနေဖြင့် ပြည်တွင်း ကုန်ကြမ်းရှားပါးသဖြင့် ပြည်ပမှ ကုန်ကြမ်းများ တင်သွင်းရ သဖြင့် ဈေးနှုန်း ကြီးမြင့်ခြင်း၊ အနိမ့်ဆုံး လုပ်အားခမှာလည်း တစ်နေ့ကို ဘတ်ငွေ ၃၀၀ အထိ တိုးမြင့်လာခြင်း စသော အကြောင်းများကြောင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများကို အိမ်နီး ချင်းနိုင်ငံ များသို့ ပြောင်းရွေ့ လုပ်ကိုင်ကြရန် စီစဉ်နေ ကြပါ သည်။
လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အတွက် ထိုင်းလုပ်ငန်းရှင်များ သမဂ္ဂ၊ ထိုင်းကုန်သည်ကြီးများ အသင်း၊ ထိုင်းဘဏ်များ သမဂ္ဂ စသည့် အဖွဲ့များ ပူးပေါင်းကာ အိမ်နီးချင်းနိုင်ငံများ၏ ကုန်သွယ်ရေး၊ ကုန်ထုတ် လုပ်ရေး၊ ငွေကြေးစီမံဆောင်ရွက်ရေး၊ အလုပ်သမား၊ လမ်းပန်းဆက်သွယ်ရေး၊ ဆိပ်ကမ်း၊ ဈေးကွက်၊ တရားဥပဒေ စသည့် ကိစ္စရပ်များကို အချိန်တိုအတွင်း လေ့လာ သုံးသပ်သွားမယ်လို့ ထိုင်းကုန်သည်ကြီးများ အသင်းမှ ပြောကြားခဲ့ ပါတယ်။ ၄င်းလုပ်ငန်းများကို လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံများတွင် လုပ်ကိုင်ရန်အတွက် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
ပြောင်းရွေ့မည့်လုပ်ငန်းရှင်များမှ ထိုင်းအစိုးရအား နိုင်ငံခြားတွင် ရင်းနှီးမြှပ်နှံမည့် လုပ်ငန်းများအတွက် သက်ဆိုင်ရာနိုင်ငံများရှိ ထိုင်းသံရုံးများမှ အကူအညီပေး ရန် တောင်းဆို မှာ ဖြစ်ပြီး၊ ပြောင်းရွေ့မည့် လုပ်ငန်း များတွင် မော်တော်ကားပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း၊ အ၀တ် အထည် လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း များ ပါဝင်ပါတယ်။
No comments:
Post a Comment