Friday, January 20, 2012

မူဆယ်မြို့တွင် သေနတ်နှင့် ပတ်ခတ်ပြီး ဓားပြတိုက်မှုဖြစ်ပွား


မူဆယ်၊ ဇန်န၀ါရီလ ၁၉ ရက်
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့ ည ရ နာရီခန့်က မူဆယ်မြို့တွင် သေနတ်ဖြင့် ပစ်ခတ်ပြီး ဓားပြတိုက်မှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်ဖြစ်ပွားပုံမှာ မူဆယ်မြို့ဈေးကြီးအတွင်းရှိ ဆိုင်အမှတ် ဈ/ ၃၆ တွင် ဖွင့်လှစ်ထားသော ရွှေစံပါယ် ရွှေဆိုင်မိသားစု သည် ဈေးပိတ်ပြီး၍ အိမ်သို့ ပြန်လာစဉ် အိမ်ရှေ့အရောက်တွင် မျက်နှာဖုံးစွပ်ထားသော လူ ၃ ယောက်မှ သေနတ်ကို မိုးပေါ်ထောင်ဖောက်ပြီး ကားအား သေနတ်ဖြင့် ၁ ချက်ပစ်ခဲ့ပါတယ်။ ကားပေါ်ရှိ စိုင်းထွန်းရီမှာ ဦးခေါင်းတစ်ချက်နှင့် ပိုက်ရှင် ဒေါ်အေးသွယ်မှာလည်း ဦးခေါင်းတွင်ပင် ဒဏ်ရာ တစ်ချက် ရရှိခဲ့ပါတယ်။ 

ဓားပြ ၃ ဦးမှ ကားနောက်ခန်းမှန်အား ရိုက်ခွဲပြီး လက်ဆွဲအိတ်အတွင်း ထည့်ထားသော   ရွှေထည်မျိုးစုံ ၁၅ ကျပ်သား၊ လက်စွပ်မျိုးစုံ အကွင်း ၁၀၀ ကျော်နှင့် မြန်မာကျပ်ငွေ သိန်း ၇၀ ကျော်အား ယူဆောင်ထွက်ပြေးသွားပါတယ်။ ဒဏ်ရာရသူများကို မူဆယ်ပြည်သူ့ဆေးရုံတွင် ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေပြီး၊ စိုင်းထွန်းရီမှာ ဒဏ်ရာပြင်းထန်သဖြင့်   ရွှေလီဆေးရုံတွင်   ပြောင်းရွှေ့ကုသလျှက်ရှိပါသည်။အဆိုပါဓားပြမှုအား  မူဆယ်မြို့မှ တာဝန်ရှိသူများမှ တရားခံအားဖမ်းဆီး နိုင်ရေးအတွက် ၀ိုင်းဝန်းပိတ်ဆို့ ရှာဖွေလျှက်ရှိတယ်လို့ သတင်းရရှိပါတယ်။

No comments: