Monday, January 16, 2012

အကျဉ်းသားများလွတ်မြောက်ပြီးနောက် ကလင်တန်သည် ဒေါ်အောင်းဆန်းစုကြည်နှင့် ဆက်သွယ်ပြောဆိုခြင်း


သတင်းဌာန-Bloomberg                                                            ရက်စွဲ၊ ၁၄-၁-၂၀၁၂။
ရေးသားသူ- Daniel Ten Kate
          မြန်မာနိုင်ငံ၌ နိုင်ငံရေးအကျဉ်းသား ရာနှင့်ချီလွှတ်ပေးခဲ့ပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် ရာစုနှစ် ၂ ခုကြာ တင်းမာနေခဲ့သော ဆက်ဆံရေးအား မြှင့်တင်သည့် အနေဖြင့် မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ဆက်သွယ်ပြောဆိုခဲ့ပါသည်။


ကလင်တန်သည် မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့် ဆန့်ကျင်ဘက် ခေါင်းဆောင်   ဒေါ်အောင်ဆန်းစုကြည်တို့အား နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ခြင်းနှင့် နိုင်ငံ၏ အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် အပစ်အခတ် ရပ်စဲနိုင်ခြင်းတို့အတွက် ၀မ်းမြောက်ကြောင်း   ပြောဆိုခဲ့သည်ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် Vactoria Nuland က မနေ့က ထုတ်ဖော် ပြောကြားခဲ့ပါသည်။ ဖြစ်စဉ်တစ်ခုလုံးမှာ ပြီးခဲ့သည့်လက မစ္စကလင်တန် မြန်မာနိုင်ငံသို့ လာရောက်စဉ်အတွင်း အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းရေးအတွက် ချမှတ်ခဲ့သော ကန့်သတ်ချက် များဖြစ်ပါသည်။
       မစ္စကလင်တန်က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား အမေရိကန်အနေဖြင့် ကိုင်တွယ်ဖြေရှင်း ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ပြောဆို၍ သံအမတ်များ အပြန်အလှန် ထားရှိရေး ကိစ္စ အား ဆွေးနွေး ခဲ့သည်ဟု Nuland ကပြောကြားခဲ့ ပါသည်။ မြန်မာနိုင်ငံ အနေဖြင့်   နိုင်ငံရေး အကျဉ်းသား များအား ခြွင်းချက်မရှိ လွှတ်ပေး သင့်ကြောင်း၊ တိုင်းရင်းသားဒေသတို့တွင် ဖြစ်ပွားနေသောပဋိပက္ခများ အဆုံးသတ် ရန်နှင့် မြောက်ကိုရီးယားနှင့် စစ်ရေးအရ ပတ်သက်နေမှုအား ရပ်ဆိုင်းရန်တို့အားလည်း ပြောကြားခဲ့ပါသည်။
        စစ်အစိုးရလက်ထက်က မတရားဖိနှိပ်မှုများနှင့် နိုင်ငံရေးအကျဉ်းသား ကိစ္စတို့ကြောင့် မြန်မာနိုင်ငံအား ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို အမေရိကန်၊ ဥရောပနှင့် သြစတြေးလျ တို့က ပြန်လည် စဉ်းစား ပေးခြင်းသည် လူဦးရေး ၆၂ သန်းရှိသော မြန်မာနိုင်ငံ၌ အနောက်ကုမ္ပဏီများအတွက် အခွင့်အရေး များ ဖြစ်ပေါ်စေပါသည်။ တရုတ်၊ ဟောင်ကောင်နှင့် ထိုင်းနိုင်ငံတို့သည် မြန်မာနိုင်ငံ၌ ၇၀ ရာခိုင်နှုန်း ရင်းနှီးမြှုတ်နှံ ထားရှိသော်လည်း အမေရိကန်အနေဖြင့် ၁ ရာခိုင်နှုန်းသာ ရင်းနှီးမြုတ်နှံထားကြောင်း အစိုးရသတင်းအချက် အလက်များအရ သိရှိရပါသည်။
ကြားဖြတ်ရွေးကောက်ပွဲ
      သမ္မတ ဦးသိန်းစိန်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သူများထဲတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နှင့် ရှမ်းတိုင်ရင်းသားခေါင်းဆောင် ခွန်ထွန်းဦး တို့ပါဝင်ကြောင်း Associated Press က အစီရင်ခံခဲ့ ပါသည်။ ၀န်ကြီးချုပ်ဟောင်း ဦးခင်းညွန့်လည်း ၇ နှစ်ကြာ နေအိမ်အကျယ်ချုပ် ကျခံပြီးနောက် ပြန်လည် လွတ် မြောက်လာကြောင်း DVB ကပြောကြားခဲ့ပါသည်။
 ဒေါ်အောင်ဆန်းစုကြည် က မစ္စကလင်တန်အား မြန်မာအစိုးရနှင့် အမေရိကန်နိုင်ငံ အကြား စေ့စပ်   ဆွေးနွေးရာ၌ အကူအညီပေးမည်ဟု ပြောကြားခဲ့ကြောင်း၊ Nuland ၏အစီရင်ခံစာ၌ ဖော်ပြထား ပါသည်။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် သည် ၁၅ နှစ်ကြာ နေအိမ်အကျယ်ချုပ် ကျခံခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အေပြီလ ၁ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲ ၀င်မည်ဖြစ်ပါသည်။
          သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Kevin Rudd ကနိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးသည် ဒီမိုကရေစီရှေးရှုပြောင်းလဲရေးအတွက် အလွန်အရေးပါကြောင်း တောင်းဆိုခဲ့ပါသည်။ ဇန်န၀ါရီလ ၉ ရက်နေ့ တွင် မြန်မာနိုင်ငံအား အရေးယူပိတ်ဆို့မှုများကို သြစတြေးလျမှ လျှော့ချလိုက်ပြီးနောက် နောက်တစ်ဆင့် အတွက် သူက ကတိပြုပြောကြားခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားပါသည်။
      ဥရောပသမဂ္ဂကိုယ်စားလှယ် Catherine Ashton ကလည်း နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးနှင့် KNU နှင့် အပစ်အခတ်ရပ်စဲရေးတို့သည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးအသစ်ပြန်စရန် ရှေ့ဆက်ရမည့် အဆင့်များ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
နိုင်ငံရေးအကျဉ်းသားအရေအတွက် အငြင်းပွားမှု
 ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုများတွင် နိုင်ငံပိုင်ကုမ္ပဏီများ၏ ပိုင်ဆိုင်မှု များနှင့် မြန်မာအရာရှိများ ခရီးသွားလာခွင့်တို့ပါဝင်ပါသည်။ အမေရိကန်၏ကန့်သတ်မှုများတွင် သွင်းကုန် များ၊ ငွေကြေး လဲလှယ်ခြင်းများ၊ ငွေကြေးအကူအညီ များနှင့် မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်မျက် ရတနာများ ပါဝင်ပါသည်။
 မြန်မာနိုင်ငံ၌ အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသားများ အရေအတွက်မှာ အငြင်းပွားခဲ့ရ ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က အစိုးရအား နိုင်ငံရေးအကျဉ်းသား ၅၂၅ ဦးလွှတ်ပေးရန် နိုဝင်ဘာလ ၁၆ ရက်နေ့က တောင်းဆိုခဲ့ပါသည်။ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ အကူအညီပေးရေး အဖွဲ့အစည်းက လွန်ခဲ့သည့် ၂ ရက်က လွတ်မြောက်သူ ၆၅၁ ဦးအနက် နိုင်ငံရေးအကျဉ်းသား ၂၇၂ ဦးသာပါဝင်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသား ၁၀၀၀ ကျော်ကျန်ရှိနေသေးကြောင်း ပြောကြားခဲ့ပါသည်။
          နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်မှုအရေအတွက်မှာ အကန့်အသတ်ဖြင့်ရှိနေကြောင်း အဆိုပါအဖွဲ့ ကပြောကြားခဲ့ပါသည်။ ဆန့်ကျင်ဘက်များ မြန်မာပြည်သူ များနှင့် နိုင်ငံတကာအဖွဲ့ အစည်းများ၏  တောင်းဆိုမှု များမှာ မပြည့်ဝသေးကြောင်း တောင်းဆိုခဲ့ပါသည်။
          နိုင်ငံရေးအကျဉ်းသားများရေတွက်ရန်အတွက် နိုင်ငံတကာစောင့်ကြည့်ရေးများပြုလုပ်ရန် နယူးယောက် အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ တောင်းဆိုခဲ့ ပါသည်။ နိုင်ငံရေး အကျဉ်းသားများလွှတ် ပေးခြင်းသည် ကမ္ဘာ့သက်တမ်းအရှည်ဆုံးပဋိပက္ခတစ်ခုဖြစ်ပြီး အစိုးရနှင့် နှစ်ပေါင်း ၆၀ ကျော်တိုက်ခိုက်နေခဲ့ သည့် KNU အဖွဲ့နှင့် ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် သဘောတူ လက်မှတ်ရေးထိုး ပြီးနောက် ချက်ချင်းဖြစ်ပေါ်လာ ခြင်းဖြစ်ပါသည်။
Chevron အဖွဲ့အစည်း
        KNU အဖွဲ့အစည်းများအနေဖြင့် နှစ်ဖက်စလုံးမှ အပြီးအပိုင်အပစ်အခတ်ရပ်စဲရေးမတိုင်မီ တောင်းဆို ထားသော ကာလမ်းနှင့် ကန့်သတ်ချက်များသည် မြေပြင်၌ မည်သည့်အချိန်စတင် အသက်ဝင်မည် ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
      ကယ်လ်လီဖိုးနီးယားပြည်နယ် San Ramon အခြေစိုက် Cheveron ကော်ပိုရေးရှင်းသည် မြန်မာနိုင်ငံ၌ လုပ်ကိုင်နေသော အမေရိကန်ကုမ္ပဏီအနည်းငယ်ထဲမှ တစ်ခုဖြစ်ပြီး သဘာဝဓာတ်ငွေ့နှင့် ပိုက်လိုင်းများ လုပ်ကိုင်ရန် ရင်းနှီးမြုတ်နှံခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အသစ်ရင်းနှီးမြုတ်နှံမှုများ ပိတ်ပင်ခဲ့ပါသည်။ Standard Chartered Plc အင်္ဂလန်ဘဏ်သည် ၎င်းရင်းနှီးမြုတ်နှံမှု ၃ ပုံ ၂ ပုံ အား အာရှတွင် ရင်းနှီးမြုတ်နှံထားပြီး အမေရိကန်နှင့် ဥရောပမှ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းလိုက်သည်နှင့်   မြန်မာနိုင်ငံ သို့ ပြန်လည်ရင်းနှီးမြှုတ်နှံရန် ကြိုးပမ်းလျက်ရှိပါသည်။
      China National Petroleum ကော်ပိုရေးရှင်းသည် မြန်မာနိုင်ငံအား ဖြတ်၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်လျက်ရှိပြီး မာလက္ကာရေလက်ကြားအား ဖြတ်သန်းရန် မလိုဘဲ အရှေ့ အလယ် ပိုင်းဒေသ သို့ ဖြတ်သန်းမည်ဖြစ်ပါသည်။ တရုတ်နိုင်ငံနှင့် ကမ္ဘာ့လူဦးရေ တတိယအများဆုံး အိန္ဒိယနိုင်ငံ တို့သည် မြန်မာနိုင်ငံနှင့် ၂၂၃၂ မိုင် နယ်နမိတ်ထိစပ်လျက်ရှိရာ ၎င်းနိုင်ငံ၏နေ့စဉ် တစ်ဦးချင်း ၀င်ငွေမှာ ၂.၂၀ ဒေါ်လာရှိပါ သည်။
          မြန်မာ့တပ်မတော်သည် ကချင်လွတ်မြောက်ရေးတပ်မတော်အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တိုက်ခိုက်နေဆဲဖြစ်ပါသည်။ ကချင်တိုင်းရင်းသား ခေါင်းဆောင်များကလည်း ပြင်းထန်သော လူမျိုးရေး ယုံကြည်ချက်အရ ကချင်နိုင်ငံတော် ထူထောင်ရေးအတွက် အစိုးရကို နည်းလမ်းပေါင်းစုံ အသုံးပြုပြီး ဆန့်ကျင်နေကြပါသည်။ မြန်မာအစိုးအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး  ဆွေးနွေးပွဲများကို ပြုလုပ်ပေးလျှက်ရှိပါသည်။ ကချင်တိုင်းရင်းသားခေါင်းဆောင် များက ပြင်းထန် တဲ့ လူမျိုးစွဲကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးတာကို လက်မခံသေးပဲ   မြန်မာစစ်တပ် များ ရောက်မ လာနိုင်အောင် ဆိုတဲ့ အကြောင်းပြချက်ဖြင့် ပြည်နယ်အတွင်းရှိ လမ်းများ၊ တံတားများကို ဖျက်ဆီး လျှက်ရှိနေပါတယ်။
အဆိုပါ ပဋိပက္ခကြောင့် ဇွန်လမှစ၍ ကချင်တိုင်းရင်းသား ၅၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ တရုတ်၊ အိန္ဒိယတို့နှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသော ကချင်ပြည်နယ်သည် မြန်မာ နိုင်ငံ၏ ပြည်နယ်နှင့်တိုင်း ၁၄ ခုတွင် မြောက်ဘက်အကျဆုံး ပြည်နယ်ဖြစ်ပါသည်။

No comments: